International Organizations
ဖီဖာကလပ်ကမ္ဘာ့ဖလားတွင် ရီးရဲလ်မက်ဒရစ်နှင့် ပီအက်စ်ဂျီတို့ ဆီမီးဖိုင်နယ် တက်ရောက်

နယူးယောက်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
ဇူလိုင် ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်များတွင် နိုင်ပွဲများ အသီးသီးရရှိခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်နှင့် ပီအက်စ်ဂျီအသင်းတို့ ဆီမီးဖိုင်နယ်တွင် ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။နယူးဂျာစီပြည်နယ်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရီးရဲလ်မက်ဒရစ်နှင့် ဒေါ့မွန်အသင်း၏ ပွဲစဉ်၌ ရီးရဲလ်အနေဖြင့် ပွဲချိန်နှောင်းပိုင်းတွင် ဒေါ့မွန်၏ ချေပဂိုးများကို ခွင့်ပြုခဲ့ရသော်လည်း ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို အတ္တလန်တာမြို့ တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပီအက်စ်ဂျီနှင့် ဘိုင်ယန်မြုးနစ်အသင်း၏ ပွဲစဉ်၌ ပီအက်စ်ဂျီက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
MetLife အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် ချန်ပီယံလိဂ် ဆုဖလားကို ၁၅ ကြိမ် ဆွတ်ခူးထားသည့် ရီးရဲလ်အသင်းက ဂွန်ဇာလို ဂါစီယာနှင့် ဖရန် ဂါစီယာတို့၏ ပထမပိုင်း သွင်းဂိုးများကြောင့် ဒုတိယပိုင်း နာကျင်အချိန်ပို ရောက်သည်အထိ ၂ ဂိုးအသာဖြင့် ဦးဆောင်ထားသည့်အတွက် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်တော့မည့် အခြေအနေတွင်ရှိနေခဲ့သည်။
မက်စီမီလီယန် ဘီအာက ပွဲချိန် ၉၃ မိနစ်တွင် ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သော်လည်း တစ်မိနစ်အကြာတွင် ကီလီယန် အမ်ဘာပေက မြေမကျကန်ချက်ဖြင့် ရီးရဲလ်အတွက် ဂိုးထပ်မံသွင်းယူခဲ့ပြီး ယခုပြိုင်ပွဲ၌ ၎င်း၏ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့သည်။
ရီးရဲလ်အသင်းမှ စပိန်လက်ရွေးစင်နောက်ခံလူ ဒင်းဟွေဆန်က ဆာဟူ ဂီရတ်ဆီကို ဆွဲလှဲခဲ့သဖြင့် ပင်နယ်တီပေးခဲ့ရသလို ဟွေဆန်မှာလည်း တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ အဆိုပါ ပင်နယ်တီကို ဂီရတ်ဆီကပင် ကန်သွင်း၍ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့သည်။
ရီးရဲလ်မက်ဒရစ်အနေဖြင့် ဗိုလ်လုပွဲတက်ရောက်နိုင်ရေးအတွက် အဆိုပါ အားကစားကွင်း၌ပင် ဇူလိုင် ၉ ရက်တွင် ပီအက်စ်ဂျီနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ယခုပြိုင်ပွဲ၌ ငါးပွဲပါဝင်ကစားခဲ့ရာတွင် လေးဂိုးသွင်းယူကာ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့သည့် ဂွန်ဇာလို ဂါစီယာ၏ ခြေစွမ်းပြမှုကို နည်းပြအလွန်ဆိုက ပြိုင်ပွဲအပြီးတွင် ချီးကျူးခဲ့သည်။
အစောပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပီအက်စ်ဂျီနှင့် ဘိုင်ယန်မြူးနစ်အသင်း၏ ပွဲစဉ်၌ ဒီဆရဲဒူးနှင့် အူစမန် ဒမ်ဘီလီတို့၏ နောက်ကျသွင်းဂိုးများနှင့်အတူ နှစ်ယောက်လျော့ ပီအက်စ်ဂျီက ဘိုင်ယန်မြူးနစ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပထမပိုင်းမပြီးဆုံးမီတွင် ဘိုင်ယန်ကွင်းလယ်လူ ဂျမားလ် မူစီယာလာ ပီအက်စ်ဂျီဂိုးသမား ဂီယန်လူဂီ ဒွန်နာရမ်မာနှင့် ဝင်တိုက်မိသဖြင့် ပြင်းထန် ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ခြင်းက ယခုပွဲရလဒ်ကို လွှမ်းမိုးထားခဲ့သည်။
ပီအက်စ်ဂျီအနေဖြင့် ဝီလီယန် ပါချိုနှင့် လူးကပ်စ် ဟာနန်ဒက်ဇ်တို့ ၁၀ မိနစ်အတွင်း တိုက်ရိုက်အနီကတ်ဖြင့် အသီးသီးထုတ်ပယ်ခံရသဖြင့် နှစ်ယောက်လျော့ဖြင့် ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်သည်။ (Xinhua)
………………………………………………
(English Version)
Late drama as Real Madrid, PSG book FIFA Club World Cup semifinal spots
NEW YORK, July 5 (Xinhua) — Real Madrid will face Paris Saint-Germain in the FIFA Club World Cup semifinals after both sides claimed quarterfinal victories on Saturday.
In New Jersey, Real Madrid survived a late scare to secure a 3-2 win over a fast-finishing Borussia Dortmund while Paris Saint-Germain overcame Bayern Munich 2-0 in Atlanta.
Fifteen-time UEFA Champions League winners Real Madrid looked to be cruising as they entered second-half stoppage time with a 2-0 lead courtesy of first-half goals from Gonzalo Garcia and Fran Garcia at MetLife Stadium.
Maximilian Beier pulled one back in the 93rd minute before Kylian Mbappe appeared to settle Madrid’s nerves a minute later by volleying home his first goal of the tournament.
But Serhou Guirassy reduced the deficit again by converting from the penalty spot after he was dragged down by Dean Huijsen, an offense that earned the Spain international defender a straight red card.
The Spanish side held on to set up a duel with PSG at the same venue next Wednesday for a place in the final.
Alonso hailed the impact of Gonzalo Garcia, who has four goals in five games this tournament, as well as an assist.
Earlier, late goals from Desire Doue and Ousmane Dembele gave nine-man Paris Saint-Germain victory over Bayern Munich.
The result was overshadowed by a serious ankle injury suffered by Bayern midfielder Jamal Musiala in a collision with PSG goalkeeper Gianluigi Donnarumma just before halftime.
The Parisian side was then reduced to nine men after Willian Pacho and Lucas Hernandez were both shown straight red cards within 10 minutes.