Connect with us

Africa & Middle East

အစ္စရေးက လက်ဘနွန်နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

လက်ဘနွန်နိုင်ငံ ယာရင်း (Yarine) မြို့၌ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် မီးခိုးများ ထွက်ပေါ်လာသည်ကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလင်/ဘေရွတ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်က ဇူလိုင် ၆ ရက်ညတွင် လက်ဘနွန်နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာ စစ်စခန်းများကို ပစ်မှတ်ထား ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဟစ်ဇ်ဘိုလာ၏ စစ်စခန်း “များစွာ” ကို တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့အထဲတွင် ဘေကာနှင့် လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ ဗျူဟာမြောက် လက်နက်ထုတ်လုပ်ရေးနှင့် သိုလှောင်ရေးစခန်းများအပြင် ဒုံးကျည်ပစ်လွှတ်ရာနေရာတစ်ခုပါဝင်ကြောင်း ဖော်ပြထားသည်။
“အဆိုပါဒေသတွေမှာ လက်နက်တွေသိုလှောင်ထားရှိတာနဲ့ ဟစ်ဇ်ဘိုလာရဲ့ လှုပ်ရှားမှုတွေဟာ အစ္စရေးနဲ့ လက်ဘနွန်တို့ကြား သဘောတူညီချက်တွေကို သိသိသာသာ ချိုးဖောက်တာဖြစ်တယ်” ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီး “အစ္စရေးနိုင်ငံအတွက် ခြိမ်းခြောက်မှုမှန်သမျှကို ဖယ်ရှားဖို့ ဆက်လက်လုပ်ဆောင်သွားမယ်” ဟု ကတိပြုခဲ့သည်။
လက်ဘနွန်နိုင်ငံ စစ်ရေးသတင်းရင်းမြစ်နှင့် တောင်ပိုင်းဒေသများမှ မျက်မြင်သက်သေများက ဆင်ဟွာသို့ ပြောကြားရာတွင် အစ္စရေးစစ်လေယာဉ်များက လက်ဘနွန်နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ ကျယ်ပြန့်သောဒေသများတွင် လေကြောင်းတိုက်ခိုက်မှု ၂၀ ကြိမ် ပြုလုပ်ခဲ့ပြီး “ယခင်ကလည်း တိုက်ခိုက်ခံခဲ့ရဖူးသည့် ဟစ်ဇ်ဘိုလာစစ်စခန်းများ” ကို ပစ်မှတ်ထားခဲ့ကြောင်း သိရသည်။
၁၄ လကြာ နယ်စပ်ဖြတ်ကျော်တိုက်ပွဲများကို အဆုံးသတ်နိုင်ခဲ့သော ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရှိသော်လည်း အစ္စရေးနိုင်ငံသည် လက်ဘနွန်နိုင်ငံ ပိုင်နက်အတွင်း တိုက်ခိုက်မှုများ မကြာခဏ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
Israel launches airstrikes on eastern, southern Lebanon
JERUSALEM/BEIRUT, July 6 (Xinhua) — Israel renewed its attack on eastern and southern Lebanon on Sunday night, striking what the Israeli military described as Hezbollah sites.
In a statement, the military said “several” military sites belonging to Hezbollah were struck, including strategic weapons production and storage sites, and a rocket launching site in the area of Bekaa and southern Lebanon.
“The presence of weapons and Hezbollah activities in the area constitutes blatant violations of the understandings between Israel and Lebanon,” the military said, vowing to “continue to operate to remove any threat to the State of Israel.”
Meanwhile, a Lebanese military source and eyewitnesses from the southern areas told Xinhua that Israeli warplanes carried out 20 airstrikes on wide areas in eastern and southern Lebanon, targeting “Hezbollah positions that had previously been subjected to similar attacks.”
Despite a ceasefire agreement reached in November 2024 that ended 14 months of cross-border fighting, Israel has continued to carry out intermittent strikes on Lebanese territory.

English Caption
This photo taken on April 17, 2024 shows the smoke caused by an Israeli strike in Yarine, Lebanon. (Photo by Ali Hashisho/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.