Connect with us

International Organizations

အာဆင်နယ်အသင်းက ရီးရဲလ်ဆိုစီဒက်အသင်းမှ စပိန်ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူ

လန်ဒန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းက ရီးရဲလ် ဆိုစီဒက်အသင်းမှ စပိန်လက်ရွေးစင် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို ကာလရှည်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။
၎င်း၏ ကစားသမားဘဝကို ဆိုစီဒက်အသင်း၌သာ ဖြတ်သန်းခဲ့သည့် အသက် ၂၆ နှစ်အရွယ် ဇူဘီမန်ဒီမှာ ပြီးခဲ့သည့် ရာသီတွင် ပရီးမီးယားလိဂ်၌ အဆင့်-၂ ချိတ်ခဲ့သည့် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၅၁ သန်း (ဒေါ်လာ သန်း ၇၀) ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သလို ပြီးခဲ့သည့် နွေရာသီ၌ ရောက်ရှိလာခဲ့သည့် မစ်ကယ် မယ်ရီနိုနောက်ပိုင်း ဆန်ဆီဘက်ရှန်မြို့ခံ ကလပ်အသင်းမှ အာဆင်နယ်သို့ ပြောင်းရွှေ့လာသည့် ဒုတိယမြောက် ကစားသမားလည်းဖြစ်သည်။
“ဒါက ကျွန်တော့်ကစားသမားဘဝမှာ အရေးပါတဲ့ အခိုက်အတန့်ပါပဲ။ ဒါက ကျွန်တော်မျှော်လင့်နေတဲ့ အပြောင်းအရွှေ့တစ်ခု၊ ကျွန်တော်ဖြစ်စေချင်တဲ့ အပြောင်းအရွှေ့တစ်ခုပါပဲ။ ဒီနေရာမှာ ခြေချလိုက်တာနဲ့ ဒီကလပ်အသင်းက ဘယ်လောက်ကြီးကျယ်ခမ်းနားမှန်း သိနိုင်ပါတယ်” ဟု ဇူဘီမန်ဒီက ဆိုသည်။ ဇူဘီမန်ဒီမှာ စပိန်လက်ရွေးစင်အသင်းအတွက် ၁၉ ပွဲ ပါဝင်ကစားထားပြီး ရီးရဲလ်မက်ဒရစ်၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရသည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။
“အာဆင်နယ်ရဲ့ ကစားဟန်က ကျွန်တော်နဲ့ တော်တော်လေး ကိုက်ညီတဲ့အတွက် ဒီအသင်းကိုပြောင်းဖို့ ယတိပြတ် ဆုံးဖြတ်ခဲ့တာပါ။ အသင်းအနေနဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပြီးဖြစ်သလို မကြာခင်မှာ အကောင်းဆုံးတွေ ရောက်လာပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့ကြောင်း အာဆင်နယ်အသင်း ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။
အာဆင်နယ်အသင်းနည်းပြ မစ်ကယ် အာတေတာကလည်း နွေရာသီအပြောင်းအရွှေ့၌ အသင်း၏ အဓိကပစ်မှတ် ကစားသမားတစ်ဦးအား ခေါ်ယူနိုင်ခဲ့သည့်အပေါ် ကြိုဆိုခဲ့သည်။
“ကလပ်အသင်းက မာတင်နဲ့ သူ့ရဲ့မိသားစုကို ကြိုဆိုပါတယ်။ သူ အသင်းဖော်တွေနဲ့ အမြန်ဆုံးအသားကျနိုင်မယ်လို့ မျှော်လင့်သလို သူ အာဆင်နယ်အသင်းဂျာစီ ဝတ်ဆင်ပြီး ပွဲထွက်ကစားတာကို မြင်ရဖို့လည်း အလွန်စိတ်လှုပ်ရှားနေပါတယ်” ဟု အာတေတာက ဆိုသည်။
“မာတင်က ကျွန်တော်တို့အသင်းအတွက် များပြားတဲ့ အရည်အသွေးတွေနဲ့ ဘောလုံးဉာဏ်ရည်ဉာဏ်သွေးတွေ ယူဆောင်လာမယ့် ကစားသမားတစ်ယောက်ပါ။ သူ အသင်းမှာ ကောင်းကောင်းအထိုင်ကျသွားမှာပါ။ ကျွန်တော်တို့အတွက် အဓိကကစားသမားတစ်ယောက် ဖြစ်လာဖို့ သူ့မှာ ပင်ကိုအရည်အချင်းတွေအားလုံး ပိုင်ဆိုင်ထားပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းမှာ ချဲလ်ဆီးအသင်းမှ အင်္ဂလန်တောင်ပံကစားသမား နိုနီ မာဒူအက်ကေကိုလည်း ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကာ အဆိုပါ ကစားသမားအနေဖြင့် အမ်းမရိတ်စ်သို့ ငါးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီခဲ့ပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။ (Xinhua)


…………………
(English Version)
Arsenal signs Spain midfielder Zubimendi from Real Sociedad
LONDON, July 6 (Xinhua) — Arsenal has completed the signing of Spain international midfielder Martin Zubimendi on a “long-term” contract.
The 26-year-old, who had spent all of his career with Real Sociedad, joined last season’s Premier League runner-up for 51 million pounds (70 million U.S. dollars) and becomes the second player from the San Sebastian outfit to join Arsenal, after the arrival of Mikel Merino last summer.
“This is a huge moment in my career. It’s the move I was looking for and one I wanted to make. As soon as you set foot here, you realize how big this club and this team are,” said Zubimendi, who had also attracted interest from Real Madrid and has 19 caps for Spain.
“I set my sights on Arsenal because their style of play is a good fit for me. They have shown their potential recently and the best is yet to come,” he added in words published on the Arsenal website.
Arsenal coach Mikel Arteta welcomed the signing of one of his club’s key summer targets.
“We welcome Martin and his family to the club. We look forward to him settling in with his teammates and are very excited to see him playing in an Arsenal shirt.”
“Martin is a player who will bring a huge amount of quality and football intelligence to our team. He will fit in really well, and he has all the attributes to be a key player for us.”
Arsenal is also thought to be closing in on a deal to sign Noni Madueke from Chelsea, with the England winger said to have agreed to a five-year contract at the Emirates.