Europe
ရုရှားနိုင်ငံက မြို့တော် မော်စကိုကို ပစ်မှတ်ထားသော ယူကရိန်းဒရုန်း ၆ စင်းကို ပစ်ချဖျက်ဆီး

မော်စကို၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များသည် ဇူလိုင် ၆ ရက်က မြို့တော် မော်စကိုကို ပစ်မှတ်ထား တိုက်ခိုက်ရန် ပျံသန်းလာသော ယူကရိန်းဒရုန်း ၆ စင်းကို ပစ်ချဖျက်ဆီးခဲ့ကြောင်း မော်စကိုမြို့တော်ဝန် Sergei Sobyanin က ပြောကြားခဲ့ကြောင်း သိရသည်။
အရေးပေါ်ဌာနများမှ ကျွမ်းကျင်ပညာရှင်များသည် ဒရုန်း အပျက်အစီးအပိုင်းအစများ ကျရောက်သည့် နေရာများတွင် လုပ်ငန်းများ ဆောင်ရွက်နေကြောင်း မြို့တော်ဝန် Sergei Sobyanin က ၎င်း၏ တယ်လီဂရမ်ချန်နယ်တွင် ရေးသားထားသည်။
“ပြီးခဲ့တဲ့လတွေအတွင်း မော်စကိုကို ထောင်နဲ့ချီတဲ့ ဒရုန်းတွေ ပျံသန်းလာခဲ့ပါတယ်။ လက်တစ်ဆုပ်စာလောက်ပဲ မော်စကိုဆီ ရောက်နိုင်ခဲ့ပါတယ်။ ပြင်းထန်တဲ့ ပျက်စီးဆုံးရှုံးမှုတွေတော့ မရှိခဲ့ပါဘူး” ဟု အဆိုပါ မြို့တော်ဝန်က ပြောကြားခဲ့သည်။
ဒရုန်းထိုးစစ်များကို ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံ နှစ်ဖက်စလုံးက ၎င်းတို့ အချင်းချင်း တိုက်ပွဲများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Russia downs 6 Ukrainian drones targeting Moscow
MOSCOW, July 6 (Xinhua) — Russian air defense forces shot down six Ukrainian drones attempting to attack Moscow on Sunday, Moscow Mayor Sergei Sobyanin said.
Specialists from emergency services are working at the crash sites of the debris, Sobyanin wrote in his Telegram channel.
“Thousands of drones have been launched at Moscow over the past months. In the end, only a handful managed to reach and fall in Moscow. No serious damage has been made,” the mayor said.
Drone offensives have been widely used by Russia and Ukraine to attack each other.
English Caption
People look at the damaged building after a reported drone attack in Ramenskoe, Moscow region, Russia, on Sep. 10, 2024. (Photo by Alexander Zemlianichenko Jr/Xinhua)