International Organizations
ဝင်ဘယ်ဒန်ပြိုင်ပွဲတွင် အယ်လ်ကာရက်ဇ်နှင့် ဆာဘလန်ကာ ကွာတားဖိုင်နယ်တက်ရောက်

လန်ဒန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
ဇူလိုင် ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့် အမျိုးသားတစ်ဦးချင်းပွဲစဉ်၌ လက်ရှိချန်ပီယံ ကားလို့စ် အယ်လ်ကာရက်ဇ်က အန်ဒရေ ရူဘလက်ဗ်အား နောက်မှလိုက်ကစားကာ အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သလို အမျိုးသမီး တစ်ဦးချင်းပွဲစဉ်၌ တောက်လျှောက်လက်စွမ်းပြနေသည့် ဆီဒင်-၁ တင်းနစ်မယ် အရီယာနာ ဆာဘလန်ကာကလည်း အဲလိစ် မာတင်စ်ကို နှစ်ပွဲပြတ်အနိုင်ရရှိခဲ့သည်။
အယ်လ်ကာရက်ဇ်အနေဖြင့် ပထမပွဲလတ်တွင် ဆီဒင်-၁၄ ရူဘလက်ဗ်အား ရှုံးနိမ့်ခဲ့သော်လည်း ၎င်း၏ အမှတ်သညာဖြစ်သော အနိုင်မခံအရှုံးမပေးသည့် ဇွဲသတ္တိကို ပြသကာ ၆-၇ (၅)၊ ၆-၃၊ ၆-၄၊ ၆-၄ ဖြင့် အနိုင်ယူခဲ့သည်။
အသက် ၂၂ နှစ်အရွယ် စပိန်ကစားသမားမှာ ဒုတိယပွဲလတ်နှင့် တတိယပွဲလတ်တို့တွင် အရေးပါသော break point များကို ရယူနိုင်ခဲ့ပြီး နောက်ဆုံးပွဲလတ်တွင်လည်း ပြိုင်ဘက်၏ စပေးဘောအလှည့်တွင် ထပ်မံအနိုင်ရရှိခဲ့သည်။
“ရမှတ်တစ်မှတ်က တစ်ပွဲလုံးကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။ တစ်ချိန်လုံး စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ မဆုတ်မနစ်ရှိနေရပါမယ်” ဟု ဝင်ဘယ်ဒန် ဆုဖလားကို သုံးကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်မည့် လမ်းကြောင်းပေါ်တွင် ရှိနေသည့် အယ်လ်ကာရက်ဇ်က ပြောကြားခဲ့သည်။
၎င်းအနေဖြင့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဗြိတိန်တင်းနစ်ကစားသမား ကင်မရွန်း နော်ရီနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ နော်ရီမှာ ချီလီကစားသမား နစ်ကိုးလပ်စ် ဂျယ်ရီအား ၆-၃၊ ၇-၆ (၄)၊ ၆-၇ (၇)၊ ၆-၇ (၅)၊ ၆-၃ ဖြင့် ငါးပွဲအထိ အကြိတ်အနယ်ကစားကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အမျိုးသမီးတစ်ဦးချင်း ပွဲစဉ်၌ ကမ္ဘာ့အဆင့်-၁ ဘီလာရုစ်တင်းနစ်မယ် ဆာဘလန်ကာက ရေကုန်ရေခန်း တုံ့ပြန်ကစားခဲ့သည့် မာတင်စ်အား ၆-၄၊ ၇-၆ (၄) ဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
ဝင်ဘယ်ဒန် အမျိုးသမီးပွဲစဉ်၌ နိုင်ခြေအမြင့်ဆုံး ကစားသမား ၆ ဦးအနက် တစ်ဦးတည်း ကျန်ရှိနေသော ကစားသမားဖြစ်သည့် ဆာဘလန်ကာမှာ ကွာတားဖိုင်နယ်တွင် ဂျာမန်တင်းနစ်မယ် လော်ရာ ဆီဂမွန့်ဒ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အသက် ၃၇ နှစ်အရွယ် အဆိုပါ ဂျာမန်တင်းနစ်မယ်မှာ အံ့အားသင့်ဖွယ် လက်စွမ်းပြနေသည့် ဆိုလာနာ ဆဲယာရာကို ၆-၃၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)
……………….
(English Version)
Alcaraz, Sabalenka reach quarterfinals at Wimbledon
LONDON, July 6 (Xinhua) — Defending champion Carlos Alcaraz staged a thrilling comeback to defeat Andrey Rublev and advance to the Wimbledon quarterfinals, while women’s top seed Aryna Sabalenka continued her dominant run with a straight-sets victory over Elise Mertens on Sunday.
Alcaraz dropped the first set against the 14th-seeded Rublev but showcased his trademark resilience, rallying to win 6-7 (5), 6-3, 6-4, 6-4.
The 22-year-old Spaniard converted crucial break points in the second and third sets before sealing the match with another break in the fourth.
“One point can change a match completely. You have to stay there all the time, be strong mentally,” said Alcaraz, who remains on track for a third consecutive Wimbledon title.
He will next face Cameron Norrie, after the Briton outlasted Chile’s Nicolas Jarry in a five-set marathon, 6-3, 7-6 (4), 6-7 (7), 6-7 (5), 6-3.
World No. 1 Sabalenka overcame a stubborn challenge from Mertens, winning 6-4, 7-6 (4) to book her place in the last eight.
The Belarusian, the only top-six seed remaining in the women’s draw, will next face Laura Siegemund, after the 37-year-old German ended lucky loser Solana Sierra’s fairytale run with a 6-3, 6-2 victory.