Africa & Middle East
အစ္စရေးနိုင်ငံ၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူအရေအတွက် ၁,၁၀၀ နီးပါးရှိလာဟု အီရန်နိုင်ငံ ပြောကြား

တီဟီရန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
ဇွန် ၁၃ ရက်မှ ၂၄ ရက်အကြား အီရန်နိုင်ငံအပေါ် အစ္စရေးနိုင်ငံ၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁,၀၆၀ ဦး ရှိပြီဖြစ်ကြောင်း အီရန်နိုင်ငံ သူရဲကောင်းများနှင့် စစ်ပြန်ရေးရာဖောင်ဒေးရှင်း (Iran’s Foundation of Martyrs and Veterans Affairs) အကြီးအကဲ ဆာအိဒ် အိုဟာဒီ (Saeed Ohadi) က ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံပိုင် IRIB ရုပ်မြင်သံကြားနှင့် မေးမြန်းခန်းတစ်ခုတွင် အိုဟာဒီက ပြင်းထန်စွာ ဒဏ်ရာရရှိသူများနှင့် မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးသည့် ရုပ်အလောင်းများကြောင့် ယင်းအရေအတွက်သည် ထပ်မံတိုးလာနိုင်ကြောင်း ပြောကြားခဲ့သည်။
အီရန်နိုင်ငံ အာဏာပိုင်များ၏ အဆိုအရ အစ္စရေးနိုင်ငံက ဇွန် ၁၃ ရက်တွင် အီရန်နိုင်ငံတစ်ဝန်းရှိ နျူကလီးယားနှင့် စစ်ဘက်ဆိုင်ရာ နေရာများကို ပစ်မှတ်ထား၍ အဓိက လေကြောင်းတိုက်ခိုက်မှုများ စတင်ခဲ့ရာ အကြီးတန်း စစ်ဘက်ခေါင်းဆောင်များ၊ နျူကလီးယားသိပ္ပံပညာရှင်များနှင့် အရပ်သားများ သေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အီရန်နိုင်ငံကလည်း အစ္စရေးနိုင်ငံ ပိုင်နက်အတွင်းသို့ ဒုံးကျည်နှင့် ဒရုန်းများဖြင့် အကြိမ်ကြိမ် တုံ့ပြန်တိုက်ခိုက်ခဲ့ရာ လူအသေအပျောက်များနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
ဇွန် ၂၄ ရက်တွင် နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီး ၁၂ ရက်ကြာ တိုက်ပွဲများ ပြီးဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
Iran says death toll from Israeli attacks nears 1,100
TEHRAN, July 7 (Xinhua) — The death toll from Israeli attacks on Iran between June 13 and 24 has reached 1,060, head of Iran’s Foundation of Martyrs and Veterans Affairs Saeed Ohadi said Monday.
In a televised interview with state-run IRIB TV, Ohadi said the number could further rise given the seriously injured and the unidentified bodies.
Israel launched a series of major airstrikes on June 13 targeting nuclear and military sites across Iran, killing senior commanders, nuclear scientists, and civilians, and injuring many others, according to Iranian authorities.
Iran retaliated with multiple waves of missile and drone attacks on Israeli territory, causing casualties and damage.
A ceasefire between the two countries was reached on June 24, ending 12 days of fighting.
English Caption
This photo taken on June 13, 2025 shows buildings damaged during Israeli strikes in Tehran, Iran. (Xinhua)