International Organizations
ရိုဆာရီယို စင်ထရယ်လ်အသင်းထံ ဒီမာရီယာ ပြန်လည်ပြောင်းရွှေ့

ဗျူနိုအေးရိစ်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
အာဂျင်တီးနား တိုက်စစ်ကစားသမား အိန်ဂျယ် ဒီမာရီယာက ၎င်းအနေဖြင့် ဥရောပတွင် ဆယ်စုနှစ် နှစ်ခုနီးပါး ကစားခဲ့ပြီးနောက် ရိုဆာရီယို စင်ထရယ်လ်အသင်းထံ ပြန်လည်ပြောင်းရွှေ့ခြင်းဖြင့် ၎င်း၏အိပ်မက်ကို အကောင်အထည်ဖော်ခဲ့ကြောင်း ဇူလိုင် ၇ ရက်၌ ပြောကြားခဲ့သည်။
အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၃၀၀ ခန့်အကွာ၊ ရိုဆာရီယိုမြို့လယ်ရှိ ဟိုတယ်တစ်ခု၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း အသက် ၃၇ နှစ်အရွယ် ဒီမာရီယာအား ရိုဆာရီယို စင်ထရယ်လ် ကစားသမားအဖြစ် တရားဝင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
“ဒါက သိပ်ကိုနှစ်လိုဖွယ်ကောင်းတဲ့ အရာတစ်ခု၊ ကျွန်တော် အချိန်အကြာကြီး မျှော်လင့်တောင့်တခဲ့တဲ့ အရာတစ်ခုပါပဲ” ဟု ဒီမာရီယာက မျက်ရည်များကိုသုတ်ရင်း ပြောကြားခဲ့သည်။ “ကျွန်တော် အရင်ကတည်းက ဒီကိုပြန်လာချင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီလိုဖြစ်မလာခဲ့ပါဘူး။ ဒီနေ့တော့ ကျွန်တော့်မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးနဲ့ ဒီကိုရောက်လာခဲ့ပါပြီ” ဟု ၎င်းက ဆိုသည်။
ဒီမာရီယာမှာ ဘင်ဖီကာအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အာဂျင်တီးနား ထိပ်တန်းလိဂ် ကလပ်အသင်းထံသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် တစ်ကျော့ပြန် ရောက်ရှိလာခြင်းဖြစ်ပြီး တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကာ သက်တမ်းတိုးခွင့် ပါဝင်ကြောင်းသိရသည်။
ရိုဆာရီယို စင်ထရယ်လ်အသင်းနှင့်အတူ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့သည့် ဒီမာရီယာမှာ ဘင်ဖီကာ၊ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီနှင့် ဂျူဗင်တပ်စ်အသင်းတို့တွင်လည်း ကျင်လည်ခဲ့သူဖြစ်သည်။
၎င်းအနေဖြင့် အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက်လည်း ၁၄၅ ပွဲ ပါဝင်ကစားခဲ့ပြီး အာဂျင်တီးနားအသင်း ၂၀၂၂ ခုနှစ် ဖီဖာကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့ရာတွင်လည်းကောင်း၊ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် ကိုပါအမေရိကဖလားကို နှစ်ကြိမ်ဆက်တိုက် ဆွတ်ခူးခဲ့ရာတွင်လည်းကောင်း အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သည်။
“ကျွန်တော်လုပ်ခဲ့သမျှ အရာအားလုံးအတွက် ဂုဏ်ယူမိပေမဲ့ ဒါက တခြားအရာအားလုံးထက် သာလွန်ပါတယ်” ဟု အဆိုပါ ဝါရင့်တိုက်စစ်ကစားသမားက ဆိုသည်။ “နှစ်တွေအများကြီး ကြာပြီးတဲ့နောက်မှာ အိမ်ကိုပြန်လာရတာ၊ ရိုဆာရီယိုမှာ ပြန်ပြီးအခြေချရတာ၊ စင်ထရယ်လ်အသင်းဂျာစီကို ဝတ်ဆင်ရတာ၊ လူတွေပျော်ရွှင်နေတာကို မြင်တွေ့ရတာတွေက သိပ်ကိုအဓိပ္ပာယ်ပြည့်ဝပါတယ်” ဟု ၎င်းက ပြောသည်။
“ကျွန်တော် ဒီမှာပဲ အနားယူမှာပါ။ ဒါပေမဲ့ ကျွန်တော်လုပ်ပေးနိုင်တာတွေ အများကြီးရှိပါသေးတယ်။ ကျွန်တော် ကောင်းကောင်းကစားနိုင်သေးတယ်လို့ ထင်ပါတယ်” ဟု ဒီမာရီယာက ဆိုသည်။ (Xinhua)
………………..
(English Version)
Tearful Di Maria rejoins Rosario Central
BUENOS AIRES, July 7 (Xinhua) — Argentine forward Angel Di Maria said Monday he is fulfilling a dream by rejoining Rosario Central after nearly two decades in Europe.
The 37-year-old was officially unveiled as a Rosario Central player during a press conference at a hotel in downtown Rosario, about 300 kilometers northwest of Buenos Aires.
“This is something very beautiful, something I’ve dreamed of for a long time,” Di Maria said, wiping away tears. “I wanted to come back earlier, but it wasn’t possible. Today I’m here, happy, with my family.”
Di Maria returns to the Argentine Primera Division club on a free transfer following the expiration of his contract with Benfica. He has signed a 12-month deal with an option to extend.
After beginning his professional career at Rosario Central in 2005, Di Maria has had spells with Benfica, Real Madrid, Manchester United, Paris Saint-Germain and Juventus.
He has earned 145 caps for Argentina and was a key member of the Albiceleste team that won the 2022 FIFA World Cup and back-to-back Copa America titles in 2021 and 2024.
“I’m proud of everything I’ve done, but this is more than anything,” the veteran attacker said. “Coming home after so many years, living in Rosario again, wearing the Central shirt and seeing the people happy, that means everything.
“I’m going to retire here, but I still have a lot to give. I feel I’m playing well,” he said