Connect with us

Videos

#Cameroon #Landslide #Rescue #ကင်မရွန်းနိုင်ငံ #မြေပြိုမှု #ကယ်ဆယ်ရေး

ကင်မရွန်းနိုင်ငံ၌ မြေပြိုမှုကြောင့် သေဆုံးသူဦးရေ ၃၀ ထိ မြင့်တက် ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေ

ယာအွန်ဒီ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ကင်မရွန်းနိုင်ငံ မြို့တော် ယာအွန်ဒီ၌ အောက်တိုဘာ ၈ ရက်တွင် လူနေအိမ်များနှင့် အဆောက်အဦများ နှစ်မြုပ်သွားခဲ့သည့် မြေပြိုမှုများ ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးသမားများက အောက်တိုဘာ ၉ ရက်နှောင်းပိုင်းတွင် ရုပ်အလောင်း ၃ လောင်းအား ဆွဲထုတ်နိုင်ခဲ့ပြီး မြေပြိုမှုများကြောင့် သေဆုံးသူဦးရေမှာ ၃၀ အထိ ရှိလာခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အပျက်အစီးများအောက်တွင် လူများစွာ ပိတ်မိနေသည့်နေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ တာဝန်ယူဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့သည်။

ယင်းမြေပြိုမှုသည် မိုးသည်းထန်စွာဆက်တိုက် ရွာသွန်းပြီးနောက် ယာအွန်ဒီမြို့ရှိ Mbankolo တောင်ကုန်းဒေသ၌ အောက်တိုဘာ ၈ ရက် ဒေသစံတော်ချိန် ည ၈ နာရီ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အတူ ရေကြီးရေလျှံမှုများကြောင့် လူနေအိမ် ၂၅ လုံး မျောပါသွားခဲ့ကြောင်း ခန့်မှန်းထားသည်။ (Xinhua)
—————————–
Death toll in Cameroon landslide rises to 30, rescue efforts continuing
Rescuers pulled out three more bodies later Monday after landslides in Cameroon’s capital of Yaounde buried homes and buildings on Sunday, bringing the death toll of the disaster to 30, officials said.
National Fire Fighting Brigade in charge of the rescue efforts said that rescue operations were still underway at the disaster site where dozens more are feared trapped under the rubble.
The landslides occurred at 8 p.m., local time, Sunday in the hilly neighborhood of Mbankolo in Yaounde after a persistent downpour.
It is estimated that 25 houses were swept away by the floods.
Xinhua News Agency correspondents reporting from Yaounde.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.