Connect with us

Media

အီဂျစ်နိုင်ငံတွင် သက်တမ်းအရင့်ဆုံးနှင့် ပြီးပြည့်စုံမှုအရှိဆုံး တော်ဝင်မိသားစုဝင်မဟုတ်သော မမ်မီရုပ်အလောင်း တွေ့ရှိ

ကိုင်ရို၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ၏ နာမည်ကျော် ရှေးဟောင်းသုတေသနပညာရှင် ZahiHawass က ဂီဇာပိရမစ်များအနီးSaqqara ရှေးခေတ်သင်္ချိုင်းကြီးတွင် နှစ်ပေါင်း ၄,၃၀၀ သက်တမ်းရှိမမ်မီရုပ်အလောင်းတည်ရှိသောအရေးပါသည့် သင်္ချိုင်းများတွေ့ရှိမှုကိုဇန်နဝါရီ ၂၆ ရက်ကကြေညာခဲ့သည်။

“ဒီမမ်မီကအီဂျစ်မှာသက်တမ်းအရင့်ဆုံးနဲ့ ပြည့်စုံမှုအရှိဆုံးတော်ဝင်မိသားစုဝင်မဟုတ်တဲ့ မမ်မီရုပ်အလောင်းဖြစ်ပါတယ်” ဟုHawass က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ဒီရှေးဟောင်းပစ္စည်းတွေအားလုံးကသက်တမ်း ၄,၃၀၀ အကြာကကျောက်တလားတွေရဲ့ သက်တမ်းကိုပြောပြနေပါတယ်။ အီဂျစ်အင်ပါယာခေတ် (၁၈၀၀ ဘီစီမှ ၁၆၀၀ ဘီစီ) အတွင်းမမ်မီအဖြစ်စီရင်မှုဟာအထွက်အထိပ်ပဲဆိုတာ ကျွန်တော်တို့သိထားပါတယ်။ ဒါပေမဲ့ ပိရမစ်ခေတ် (၂၅၀၀ဘီစီမှ၂၁၀၀ဘီစီ) က ဒီလိုမမ်မီပုံစံမျိုးကို အကောင်းအတိုင်းတွေ့ရတယ်ဆိုတာ ကျွန်တော့်အမြင်အရတော့ တကယ့်ကို ကောင်းသောရှာဖွေတွေ့ရှိမှုပါပဲ” ဟု အီဂျစ် ရှေးဟောင်းသုတေသနပညာရှင် ZahiHawass က ပြောခဲ့သည်။

ရွှေအလွှာဖြင့် ဖုံးအုပ်ထားသော အမျိုးသားမမ်မီရုပ်အလောင်း Hekashepes ကို ထောင့်မှန်ထုံးကျောက်သင်္ချိုင်းကြီးအတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အီဂျစ်ပညာရှင်က ဆိုသည်။

အဆိုပါ သင်္ချိုင်းအနီးဝန်းကျင်တွင် ကျောက်အိုးအမြောက်အမြားကိုလည်းတွေ့ရှိခဲ့ရကြောင်းHawass က ဖြည့်စွက်ပြောခဲ့သည်။

ထိုအသစ်တွေ့ရှိမှုသည် ကြီးမားသောသင်္ချိုင်းတစ်ခုစုဝေးသည့်နေရာကို ညွှန်ပြခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ (Xinhua)

……………………………………..
(English Version)
Egypt discovers oldest, most complete unroyal mummy
Egypt’s renowned archeologist ZahiHawass on Thursday announced the discovery of “important tombs hosting a 4,300-year-old mummy” at the Saqqara necropolis near the Pyramids of Giza.
“The mummy is the oldest and most complete unroyal mummy found in Egypt to date,” said Hawass at a press conference.

SOUNDBITE (English): ZAHI HAWASS, Egyptian archeologist
“All these artifacts can tell us that the sarcophagus is dated back to 4,300 years ago. We know that mummification during the New Kingdom (1800 B.C. to 1600 B.C.) reached its peak, but to see a mummy like this dated to the Old Kingdom (2500 B.C. to 2100 B.C.) in a good condition is really a good discovery in my opinion.”
The mummy of a man, Hekashepes, covered with gold leaf, was found inside a large rectangular limestone sarcophagus in aroom located under a 15-meter-deep shaft, the Egyptologist said.
Hawass added that many stone vessels were seen around the sarcophagus, which was completely sealed when the mission discovered it.
He said new discoveries indicated that the site comprises a large cemetery.
Xinhua News Agency correspondents reporting from Cairo.
(XHTV)