Connect with us

Videos

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်

ဒါကာ ၊ မေ ၁၅ ရက်(ဆင်ဟွာ)

ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် အကြီးမားဆုံးမုန်တိုင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် မေ ၁၄ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း နှင့် မြန်မာနိုင်ငံတို့အား ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ဆိုင်ကလုန်းမုန်တိုင်းသည် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၂၀၀ နှုန်းအထိ ရှိခဲ့ပြီး အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့ဘဇားခရိုင်နှင့် ကမ်းလွန်ပင်လယ်ပြင်ကျွန်းများတွင် လေပြင်းများ နှင့် အကြီးအကျယ် ပျက်စီးစေခဲ့သည့် မုန်တိုင်းဒီရေများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကော့ဘဇားခရိုင် လက်ထောက်ကော်မရှင်နာ နှင့် ခရိုင်တရားသူကြီး Shaheen Imran က ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူနေအိမ်များ ၊ ကောက်ပဲသီးနှံများ ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်များ ပြိုလဲကျမှုများ ဖြစ်ပွားခဲ့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ကော့ဘဇားခရိုင်အတွင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူနေအိမ် ၁၂,၀၀၀ ထက်မနည်း အလုံးစုံ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။
မုန်တိုင်းဒဏ်သင့် ဝေးလံခေါင်သီသောနေရာများမှ အသက်ဆုံးရှုံးမှုများ နှင့် ပျက်စီးဆုံးရှုံးမှုများအား တရားဝင်လမ်းကြောင်းများမှတစ်ဆင့် သတင်းအချက်အလက်များ စုဆောင်းလျက် ရှိကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

ဘေးဒဏ်သင့် ဒေသများတွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် အသေအပျောက် သတင်းပေးပို့ချက် မရရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ (Xinhua)

——————————-

Cyclone Mocha leaves trail of destruction in southeastern Bangladesh
In the biggest storm to hit the Bay of Bengal in over a decade, cyclone Mocha ripped through Myanmar and southeastern Bangladesh on Sunday, leaving a trail of destruction.
The cyclone, packing winds of up to 200 mph, brought destructive winds and a devastating storm surge particularly in Bangladesh’s southeastern Cox’s Bazar district and its offshore island.
Shaheen Imran, Cox’s Bazar district’s deputy commissioner and district magistrate, told Xinhua that the cyclone damaged houses and crops, and uprooted trees.
According to the official, “at least 12,000 houses were destroyed fully or partially in the cyclone in Cox’s Bazar.”
He further said they are collecting information through official channels from the affected remote areas on the loss of life and damage to property.
Officials said there were no report of casualties from the cyclone in the affected areas.
Xinhua News Agency correspondents reporting from Dhaka.(XHTV)