Connect with us

Videos

နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀၀ ကျော်က တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထပ်လောင်းကတိပြု

ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀၀ ကျော်က တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ် ၎င်းတို့၏ ကတိပြုမှုကို အတိအလင်း ထပ်လောင်းပြောကြားခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇန်နဝါရီ ၁၉ ရက်တွင် ကြေညာခဲ့သည်။UNGA လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် UNGA ဆုံးဖြတ်ချက် ၂၇၅၈ လမ်းညွှန်မှုနှင့်အညီ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လေးစားလိုက်နာမည်ဟု ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ဥက္ကဋ္ဌ Dennis Francis က X လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြထားသည့်အပေါ် မှတ်ချက်ပြုပေးပါရန် နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းခဲ့ရာ မော်က အထက်ပါအတိုင်း ပြောကြားခဲ့သလို အာဆီယံ၊ အာရပ်နိုင်ငံများအဖွဲ့ချုပ်၊ အာဖရိကသမဂ္ဂနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့တို့ကလည်း တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ် ၎င်းတို့၏ ထောက်ခံအားပေးမှုကို နည်းလမ်းအသွယ်သွယ်ဖြင့် လွန်ခဲ့သော ရက်အနည်းငယ်က ပြောကြားခဲ့ကြကြောင်း သိရသည်။

တရုတ်တစ်နိုင်ငံတည်း မူဝါဒသည် အများကလက်ခံထားသော နိုင်ငံတကာသဘောတူညီချက်တစ်ခုဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေး စီမံခန့်ခွဲမှု၏ အခြေခံစံနှုန်းတစ်ရပ်လည်း ဖြစ်ကြောင်း မော်က ဆိုသည်။“ဒါ့အပြင် တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ် ထောက်ခံကြောင်း နိုင်ငံနဲ့ နိုင်ငံတကာအဖွဲ့အစည်း ၁၀၀ ကျော်ကလည်း သူတို့ရဲ့ ကတိကို အတိအလင်း ထပ်လောင်းဖော်ပြထားကြပါတယ်” ဟု မော်က ပြောသည်။ ယခင်က ဖော်ပြထားပြီးဖြစ်သော နိုင်ငံနှင့် အဖွဲ့အစည်းများအပြင် မလေးရှား၊ ယီမင်၊ အယ်လ်ဂျီးရီးယား၊ ဆူဒန်၊ တောင်ဆူဒန်၊ နိုင်ဂျီးယား၊ ကို့တ်ဒီဗွာ၊ ဂီနီဘစ်ဆော၊ အန်ဂိုလာ၊ ဇမ်ဘီယား၊ ဂါနာ၊ ဘီနင်၊ မော်ရီတေးနီးယား၊ တိုဂို၊ ဆေးရှဲလ်၊ ဂါဘွန်၊ မာလဝီ၊ ကာဘိုဗာဒီ၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ မြောက်မာစီဒိုနီးယား၊ ဆာမိုအာ၊ နအူရူး၊ မက္ကဆီကို၊ အီကွေဒေါ၊ ဥရုဂွေး၊ ပါနားမား၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ ကော့စတာရီကာ၊ ဂရီနာဒါနှင့် အာဆီယံ အပါအဝင် နိုင်ငံများစွာနှင့် အဖွဲ့အစည်းများက နည်းလမ်းအသွယ်သွယ်ဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ် ရပ်တည်ပြောကြားခဲ့ကြကြောင်း မော်က ပြောသည်။“အဲဒီနိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို မိမိတို့အနေနဲ့ ချီးကျူးဂုဏ်ပြုအပ်ပါတယ်” ဟု မော်က ပြောကြားခဲ့သည်။ (Xinhua)
………………………………
Over 100 countries, international organizations reiterate commitment to one-China principle: spokesperson
BEIJING, Jan. 19 (Xinhua) — Over 100 countries and international organizations have openly reiterated their commitment to the one-China principle so far, Chinese foreign ministry spokesperson Mao Ning announced on Friday.
Mao made the remarks at a daily press briefing when asked to comment on Dennis Francis, President of the 78th Session of the United Nations General Assembly (UNGA), writing on social network X to reaffirm that the work of UNGA will adhere to the one-China principle guided by UNGA Resolution 2758; and ASEAN, the League of Arab States, the African Union and the Shanghai Cooperation Organization reiterating in different ways their support for the one-China principle in the past few days.
The one-China principle is a prevailing international consensus and a basic norm governing international relations, Mao said.
“So far, over 100 countries and international organizations have openly reiterated their commitment to the one-China principle,” Mao said, adding that apart from countries and organizations that have already been mentioned, more countries and organizations, including Malaysia, Yemen, Algeria, Sudan, South Sudan, Nigeria, Côte d’Ivoire, Guinea-Bissau, Angola, Zambia, Ghana, Benin, Mauritania, Togo, Seychelles, Gabon, Malawi, Cabo Verde, Georgia, Croatia, Cyprus, Bosnia and Herzegovina, North Macedonia, Samoa, Nauru, Mexico, Ecuador, Uruguay, Panama, the Dominican Republic, Costa Rica, Grenada and ASEAN, have spoken up by various means.
“We highly commend these countries and organizations,” Mao said.