Media
ဖီဖာကလပ်ကမ္ဘာ့ဖလားအပြီးတွင် ရီးရဲလ်မက်ဒရစ် ဝါရင့်ကွင်းလယ်ကစားသမား မိုဒရစ် အသင်းမှထွက်ခွာမည်
ယခုနွေရာသီ၌ ကျင်းပမည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးတွင် အသင်းမှထွက်ခွာတော့မည်ဟု ရီးရဲလ်မက်ဒရစ် ဝါရင့်ကွင်းလယ်ကစားသမား လူကာမိုဒရစ်က မေ ၂၂ ရက်၌ ကြေညာခဲ့သည်။
ဆန်တီယာဂို ဘာနေဗျူးကွင်းတွင် အသင်းအတွက် နောက်ဆုံးအကြိမ် ပါဝင်ကစားသည့်ပွဲစဉ် ဖြစ်လာမည့် မေ ၂၄ ရက် ရီးရဲလ်ဆိုစီဒက်အသင်းနှင့် ပွဲစဉ်မတိုင်မီ နှစ်ရက်အလို၌ အသက် ၃၉ နှစ်အရွယ် ခရိုအေးရှားကစားသမားက ၎င်း၏ဆုံးဖြတ်ချက်ကို အတည်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းအနေဖြင့် ဇွန် ၁၅ ရက်တွင် စတင်မည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလတွင် အသင်း၌ ဆက်ရှိနေမည်ဖြစ်သည်။
“ကျွန်တော် ဘယ်တုန်းကမှ မရောက်စေချင်ခဲ့တဲ့အချိန်ကို ရောက်လာပါပြီ။ ဒါပေမဲ့ ဒါက ဘောလုံးအားကစားဖြစ်ပြီး ဘဝမှာ အရာအားလုံးက အစရှိရင် အဆုံးသတ်ဆိုတာလည်းရှိစမြဲပါ။ ဇွန် ၂၄ ရက်မှာတော့ ဆန်တီယာဂို ဘာနေဗျူးကွင်းကြီးထဲမှာ ကျွန်တော့်အတွက် နောက်ဆုံးပွဲစဉ်ကို ယှဉ်ပြိုင်ကစားမှာပါ” ဟု မိုဒရစ်က ဆိုသည်။
မိုဒရစ်၏ လက်ရှိစာချုပ်မှာ ဇွန်လကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖွယ်ရှိသည်ဟု စပိန်မီဒီယာများက ခန့်မှန်းဖော်ပြနေချိန်တွင် အဆိုပါသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ မိုဒရစ်မှာ ယခုရာသီတွင် ပြိုင်ပွဲစုံ၌ ၅၆ ပွဲ ပါဝင်ကစားခဲ့ပြီး ပွဲ၏အရှိန်အဟုန်ကို လိုသလို အတင်အချလုပ်နိုင်သည့် ၎င်း၏စွမ်းဆောင်ရည်က ရီးရဲလ်အတွက် အရေးပါနေဆဲဖြစ်သည်။ (Xinhua)
…………………….
(English Version)
Modric to leave Real Madrid after Club World Cup
Real Madrid midfielder Luka Modric announced Thursday that he will leave the club after this summer’s FIFA Club World Cup.
The 39-year-old Croatian confirmed his decision two days before what will now be his final appearance at the Santiago Bernabeu stadium against Real Sociedad on Saturday, although he will remain with the club for the Club World Cup, which kicks off on June 15.
“The time has come. I never wanted it to come, but that’s football, and in life everything has a beginning and an end. On Saturday, I’ll play my last game at the Santiago Bernabeu,” announced the Croatian.
The news comes as the Spanish press had been speculating that Modric might sign a one-year extension after his current deal expires at the end of June. Modric has made 56 appearances in all competitions this season, with his ability to dictate tempo still important to Madrid.