Connect with us

Media

ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရေးအတွက် ဒုတိယအကြိမ် အာဆီယံ-GCC ထိပ်သီးအစည်းအဝေးက လမ်းဖွင့်ပေး

ကွာလာလမ်ပူ၊ မေ ၂၈ ရက် (ဆင်ဟွာ)
စီးပွားရေးဆိုင်ရာ မရေရာမှုများ၊ ပထဝီဝင်နိုင်ငံရေး စိန်ခေါ်မှုများကြောင့် ပိုမိုရှုပ်ထွေးလာသော နိုင်ငံတကာ အခင်းအကျင်းအား လမ်းညွှန်တည့်မတ်ရန်အတွက် ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရေးတို့မှာ ဒုတိယအကြိမ် အာဆီယံ-GCC ထိပ်သီးအစည်းအဝေး၌ အဓိကဆွေးနွေးမည့် အကြောင်းအရာများထဲတွင် ပါဝင်ကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ကွာလာလမ်ပူမြို့တွင် မေ ၂၇ ရက်၌ ပြောကြားခဲ့သည်။
လွန်ခဲ့သော နှစ်နှစ်က ယခုထိပ်သီးအစည်းအဝေးကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီးနောက် နှစ်ဖက်အနေဖြင့် နိုင်ငံရေးအရ လုံခြုံမှုရှိရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှု စသော ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍကြီးသုံးရပ်၌ တိုးတက်မှုများ လျင်မြန်စွာ ရရှိခဲ့သော်လည်း ကမ္ဘာ့ရေးရာများတွင် ဖြစ်ပေါ်တိုးတက်နေသော အခြေအနေသစ်များကို ရင်ဆိုင်ရာ၌ အဆိုပါ တိုးတက်မှုများကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ထိပ်သီးအစည်းအဝေး ဖွင့်ပွဲတွင် အန်ဝါက ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ စီးပွားရေးဆိုင်ရာ မရေရာမှု၊ ပထဝီဝင်နိုင်ငံရေး စိန်ခေါ်မှုတွေကြောင့် ပိုမိုရှုပ်ထွေးလာတဲ့ နိုင်ငံတကာ အခင်းအကျင်းကို လမ်းညွှန်တည့်မတ်ပေးရာမှာ အာဆီယံ-GCC မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုက မျက်မှောက်ခေတ်မှာ အရင်ကထက်ပိုပြီး အရေးပါလာပြီလို့ ကျွန်တော် ယုံကြည်ပါတယ်။ အာဆီယံနဲ့ GCC တို့ဟာ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုရဲ့ မောင်းနှင်အားအဖြစ်ရော တည်ငြိမ်မှုကို ထိန်းသိမ်းပေးသူအဖြစ်ပါ ဖြစ်လာဖို့ နည်းလမ်းတွေ၊ တာဝန်ဝတ္တရားတွေ ရှိနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“အာဆီယံ-GCC ဆက်ဆံရေး ပိုမိုခိုင်မာလာခြင်းဟာ ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့၊ ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ဖို့၊ ပြည်သူတွေအတွက် ရေရှည်တည်တံ့တဲ့ သာယာဝပြောမှု ရရှိအောင် လုပ်ဆောင်ဖို့အတွက် အဓိကကျလာမှာဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး အာဆီယံနှင့် GCC အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့၏ ဘုံမျှော်မှန်းချက်အား ခိုင်မာ၍ ထိရောက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုအဖြစ် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ယခုထိပ်သီးအစည်းအဝေး၌ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နှင့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံများ တက်ရောက်ခဲ့ကာ အဆိုပါ ထိပ်သီးအစည်းအဝေးအား ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်၌ ၂၀၂၃ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
2nd ASEAN-GCC Summit paves way for enhanced inter-regional collaboration, resilience building
KUALA LUMPUR, May 27 (Xinhua) — Enhancing inter-regional collaboration and building resilience to navigate an increasingly complex global landscape marked by economic uncertainty and geopolitical challenges will be high on the agenda of the 2nd ASEAN-GCC Summit, Malaysian Prime Minister Anwar Ibrahim said here on Tuesday.
In his remarks at the opening of the summit, Anwar said the two parties had made rapid strides forward on their three key pillars of cooperation — political-security, economic, and socio-cultural — since its inaugural summit two years ago, but this must now be strengthened to face new developments in global affairs.
“I believe the ASEAN-GCC partnership has never been more important than it is today, as we navigate an increasingly complex global landscape marked by economic uncertainty and geopolitical challenges … ASEAN and the GCC have the means and the responsibility to rise as anchors of stability and engines of future growth,” he said.

“A stronger ASEAN-GCC relationship will be key to enhancing interregional collaboration, building resilience, and securing sustainable prosperity for our peoples,” he said, adding that members of the two groupings must translate their shared vision into concrete and impactful cooperation.
The summit brings together member states of the Association of Southeast Asian Nations (ASEAN) and the Gulf Cooperation Council (GCC), which first met in this format in Saudi Arabia’s capital Riyadh in 2023.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.