Media
ဘရန့်ဖို့ဒ် တိုက်စစ်ကစားသမား အမ်ဘူမိုကို မန်ချက်စတာယူနိုက်တက် ခေါ်ယူ
လန်ဒန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
မန်ချက်စတာယူနိုက်တက်အသင်းက ဘရန့်ဖို့ဒ်အသင်း တိုက်စစ်ကစားသမား ဘရိုင်ယန် အမ်ဘူမိုအား ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်း (ဒေါ်လာ ၈၈ သန်းခန့်)၊ အပိုဆုကြေး ပေါင် ၆ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကာ ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မက်သီးယက်စ် ကွန်ညာ၊ နောက်ခံလူ ဒီယေဂို လီယွန်တို့ အသင်းထံရောက်ရှိလာပြီးနောက် အဆိုပါ ကင်မရွန်းလက်ရွေးစင် တောင်ပံကစားသမားမှာ ယခုနွေရာသီတွင် ယူနိုက်တက်က ခေါ်ယူခဲ့သည့် တတိယမြောက် ကစားသမားဖြစ်လာခဲ့သည်။ မားကပ်စ် ရက်ရှ်ဖို့ဒ်အနေဖြင့် ဘာစီလိုနာအသင်းထံ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ရန်ရှိနေချိန်တွင် အမ်ဘူမို ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်၍ နွေရာသီကာလတစ်ခုလုံး ကြန့်ကြာနေခဲ့သည့် ယခုအပြောင်းအရွှေ့ကို အပြီးသတ်နိုင်ခဲ့ပြီဖြစ်ကာ ယူနိုက်တက်အနေဖြင့် လွန်ခဲ့သော တစ်လခွဲခန့်ကပင် အမ်ဘူမိုအား စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
“မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အခွင့်အရေးရှိလာပြီဆိုတာကို သိသိရချင်းမှာပဲ ကျွန်တော်အိပ်မက်မက်ခဲ့ရတဲ့ အသင်းနဲ့ စာချုပ်ချုပ်ဆိုရမယ့် အခွင့်အရေးကို အမိအရဖမ်းဆုပ်ခဲ့ပါတယ်။ ကျွန်တော်က ဒီအသင်းရဲ့ဂျာစီကို ဝတ်ဆင်ရင်း ကြီးပြင်းလာခဲ့တာပါ” ဟု အမ်ဘူမိုက မန်ချက်စတာယူနိုက်တက်၏ တရားဝင်ဝက်ဘ်ဆိုက်တွင် မှတ်ချက်ပြုခဲ့သည်။
အမ်ဘူမိုအနေဖြင့် ဇူလိုင် ၂၄ ရက်၌ အမေရိကန်သို့ စတင်ထွက်ခွာမည့် ယူနိုက်တက်၏ ရာသီကြိုခရီးစဉ်၌ အသင်းလူစာရင်းတွင် ပါဝင်လာရန် သေချာသလောက် ရှိနေပြီဖြစ်သည်။
အမ်ဘူမိုမှာ လန်ဒန်တောင်ပိုင်းကလပ် ဘရန့်ဖို့ဒ်အတွက် ၂၄၂ ပွဲ ပါဝင်ကစားခဲ့ရာ ဂိုး ၇၀ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၅၁ ကြိမ် ပြုလုပ်ထားကာ ဘရန့်ဖို့ဒ်အသင်း ဥရောပဝင်ခွင့်နှင့် လွဲချော်ခဲ့သည့် ပြီးခဲ့သည့် ဘောလုံးရာသီ၌ ဂိုး ၂၀ သွင်းယူနိုင်ခဲ့သည်။ (Xinhua)
……………………
(English Version)
Man Utd signs Mbeumo from Brentford
LONDON, July 21 (Xinhua) — Manchester United has completed the signing of Brentford forward Bryan Mbeumo on a five-year contract for a fee of 65 million pounds (about 88 million U.S. dollars), with the deal contemplating a further six million pounds in incentives.
The Cameroon international is United’s third signing of the summer after the arrivals of striker Matheus Cunha and defender Diego Leon, and the winger arrives when it seems as if Marcus Rashford is on the verge of joining FC Barcelona on a season-long loan.
The transfer ends a saga that has lasted all summer, with Manchester United making its initial offer a month and a half ago.
“As soon as I knew there was a chance to join Manchester United, I had to take the opportunity to sign for the club of my dreams; the team whose shirt I wore growing up,” said Mbeumo on the club’s official website.
Mbeumo will now almost certainly form part of United’s pre-season tour to the United States that starts on Thursday.
Mbeumo scored 70 goals and gave 51 assists in 242 games for Brentford, with 20 of those goals coming last season as the south London club just missed out on a place in Europe.