Media
ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရာထူးမှဆိုင်းငံ့ခံရခြင်းအကြောင်းရင်း
ဘန်ကောက်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ထရာအား ၎င်းအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းရှိမရှိနှင့်စပ်လျဉ်း၍ သိရှိနိုင်ရန် လက်ရှိတာဝန်ထမ်းဆောင်မှုမှ ဇူလိုင် ၁ ရက်တွင် ဆိုင်းငံ့လိုက်ကြောင်း ဆုံးဖြတ်ချက်သည် ထိုင်းနိုင်ငံရေးအား မတည်ငြိမ်မှုအခြေအနေအတွင်းသို့ သက်ဆင်းသွားစေခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အချက်အလက်များ-
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ လျှောက်ထားလွှာ
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်သည် ပေထုံတန်အနေဖြင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေအား ချိုးဖောက်ခြင်းရှိမရှိအား အရေးယူရန် အထက်လွှတ်တော်အမတ် ၃၀ ကျော်က လျှောက်ထားလွှာပေါ် အခြေခံထားခြင်းဖြစ်သည်။
ပေထုံတန်နှင့် ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ ဇွန်လလယ်ပိုင်းက ပြောကြားခဲ့သည့် အသံဖိုင်ပေါက်ကြားခဲ့ပြီးနောက် ထိုစွပ်စွဲချက်ကို တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ အသံဖိုင်တွင် ပေထုံတန်က ဟွန်ဆန်အား “ဦးလေး” ဟု ခေါ်ဝေါ်သုံးနှုန်းထားပြီး မေလနှောင်းပိုင်းက ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုကြောင့် ဖြစ်ပေါ်လာသော တင်းမာမှုအရှိန် ဖြေလျှော့ရေးအတွက် ၎င်း၏အကူအညီကိုလည်း တောင်းခံထားခြင်းလည်း ပါဝင်သည်။ ထို့ပြင် ပေထုံတန်က နယ်စပ်ဧရိယာတွင် ထိုင်းစစ်ဘက်ဆိုင်ရာ အကြီးအကဲတစ်ဦး၏ ကြီးကြပ်မှုကိုပင် အဆိုပါ အသံဖိုင်အတွင်း ပြစ်တင်ဝေဖန်ထားခဲ့သည်။
ဟွန်ဆန်က ယင်းအသံဖိုင်စစ်မှန်ကြောင်း အတည်ပြုခဲ့သလို ယင်းအသံဖိုင်မှာ “နားလည်မှုလွဲချော်ခြင်းများကို ရှောင်ရှားနိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုကို ဖော်ပြရန်အလို့ငှာ” ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်းအနေဖြင့် ကမ္ဘောဒီးယား အဆင့်မြင့်အရာရှိ ၈၀ ခန့်နှင့်လည်း ထိုအသံဖိုင်အား မျှဝေခဲ့ကြောင်း၊ ထိုင်းဝန်ကြီးချုပ်အား မနှစ်သက်သူတစ်စုံတစ်ယောက်က အသံဖိုင်ကို ပေါက်ကြားစေခဲ့ဖွယ်ရှိကြောင်း ဟွန်ဆန်က ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်နှင့်စပ်လျဉ်း၍ ပေထုံတန်က ပြည်သူများအား ချက်ချင်းတောင်းပန်ခဲ့ကြောင်း၊ ယင်းမှာ ပုဂ္ဂိုလ်ရေး စကားပြောဆိုမှုဖြစ်ကြောင်းနှင့် လူပုဂ္ဂိုလ်ချင်း ရင်းနှီးသောဆက်သွယ်မှုများဖြင့် တင်းမာမှုအရှိန်ကို လျော့ကျစေရန်အတွက်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပေထုံတန်၏ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ဟွန်ဆန်နှင့် ဆယ်စုနှစ်သုံးခုကျော်ကြာ ရင်းနှီးသိကျွမ်းခဲ့ကြသလို မိသားစုနှစ်ခုကလည်း အတိတ်ကာလက ရင်းနှီးသောဆက်ဆံရေးများ ရှိကြကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/4Qj
……………………………………..
(English Version)
Explainer: Why was Thai PM Paetongtarn suspended from duty?
BANGKOK, July 1 (Xinhua) — Thailand’s Constitutional Court on Tuesday suspended Prime Minister Paetongtarn Shinawatra from duty pending a ruling on whether she violated the constitution, a decision that has plunged Thai politics into uncertainty. Here’s what we know about the court decision:
PETITION TO THE CONSTITUTIONAL COURT
The Constitutional Court’s decision was based on a petition filed by more than 30 senators, who asked the court to rule whether Paetongtarn has breached the constitution on ethical grounds.
The petition itself was submitted following a leaked audio recording of a phone call in mid-June between Paetongtarn and Hun Sen, president of the Cambodian Senate and former Cambodian prime minister. The recording showed Paetongtarn, addressing Hun Sen as “uncle,” sought his help in easing tensions over a Thai-Cambodian border clash that occurred in late May. She even criticized a Thai military commander overseas the border area in the conversation.
Hun Sen confirmed the authenticity of the recording, stating that it had been made “to avoid misunderstandings and for the sake of transparency.” He said he had shared the recording with around 80 senior officials in Cambodia and suggested that someone who dislikes the Thai prime minister might have leaked it.
Paetongtarn promptly apologized to the public but insisted that it was a private conversation and she had only sought to de-escalate the tensions by using personal connections. Paetongtarn’s father and former Prime Minister Thaksin Shinawatra has known Hun Sen for over three decades and the two families have shared close relations in the past. xhtxs.cn/4Qj