Connect with us

Local

ကုန်သည်စက်မှုအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့သစ် စတင်တာဝန်ယူ

၂၀၁၆-၂၀၁၉ အလုပ်အမှုဆောင်အဖွဲ့အသစ်သို့တာဝန်လွှဲပြောင်းပေးစဉ် (ဓာတ်ပုံ--UMFCCI)

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ကုန်သည်စက်မှုအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့သစ် ဖြစ်သည့် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ဦးဆောင်သည့် ကုန်သည်စက်မှုအသင်းချုပ် ၂၀၁၆-၂၀၁၉ သက်တမ်းအတွက် ရွေးချယ်ခံ အလုပ်အမှုဆောင်အဖွဲ့သစ်သည် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးအပြီးတွင် အသင်းချုပ်တာဝန်များကို စတင်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း ကုန်သည်စက်မှုလက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။

အလုပ်အမှုဆောင်အဖွဲ့သစ်အနေဖြင့် အသင်းချုပ် သင်းဖွဲ့စည်းမျဉ်း ပြင်ဆင်ရေးဆွဲရေးကို ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ပြည်တွင်းပြည်ပ ပညာရှင်များ ပါဝင်သော လုပ်ငန်းအဖွဲ့တစ်ရပ် ဖွဲ့စည်း၍ နိုင်ငံတကာ ဖွဲ့စည်းပုံဥပဒေများ၊ နည်းနာများကို နမူနာယူကာ ပြည်တွင်းဥပဒေများနှင့်အညီ အသင်းသားများ၊ ပညာရှင်များ၏ အကြံပေးမှုများဖြင့် ပြင်ဆင်ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ရှေ့ဆက်လုပ်ငန်းစဉ်များအနေဖြင့် ညီနောင်အသင်းများ ပိုမိုအားကောင်းလာစေရေးမှသည် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေး၊ Public-Private Partnership နှင့် နိုင်ငံတကာမျက်နှာစာ ပိုမိုချဲ့ထွင်ရေးအထိ ဆောင်ရွက်သွားရန်ရှိပြီး ပွင့်လင်းမြင်သာမှုရှိစေမည်ဖြစ်ကြောင်းဆိုသည်။

“ပွင့်လင်းမြင်သာမှု၊ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု စတဲ့အရည်အချင်းတွေနဲ့ ကုန်သည်စက်မှုအသင်းချုပ်ဟာ စီးပွားရေးကဏ္ဍ တစ်ခုလုံးအတွက် စံပြဖြစ်စေဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။” ဟု ဥက္ကဋ္ဌသစ်ဦးဇော်မင်းဝင်း ကပြောသည်။

ကုန်သည်စက်မှုအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့သစ်အနေဖြင့် Public-Private Partnership အဖြစ် နိုင်ငံတော် အစိုးရနှင့်ပုံမှန် တွေ့ဆုံသွားမည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ အခက်အခဲများကို စနစ်တကျ အဖြေရှာ တင်ပြသွားမည်ဖြစ်ပါသည်။ မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှု၍ အသင်းချုပ်၌ ပူးပေါင်းပါဝင်ကြရန် လူငယ်မျိုးဆက်သစ်များအပါအဝင် မြန်မာ့လုပ်ငန်းရှင်များအားလုံးတို့အား ဥက္ကဋ္ဌသစ်မှ ဖိတ်ခေါ်ထားပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.