Connect with us

Local

တောင်သူလယ်သမားများ၏ စပါးဈေးကျဆင်းမှုအတွက် အစိုးရအနေဖြင့် ပံ့ပိုးမှုများ ဆောင်ရွက်ရန် စီစဉ်

မြန်မာနိုင်ငံတွင်း စပါးစိုက်တောင်သူလယ်သမားများအား တွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

တောင်သူလယ်သမားများ၏ စပါးဈေးနှုန်းများ ကျဆင်းမှုအတွက် အစိုးရအနေဖြင့် ပံ့ပိုးမှုများ ဆောင်ရွက်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

အဆိုပါ တောင်သူလယ်သမားများ စပါးဈေးနှုန်းကျဆင်းမှုအတွက် နိုင်ငံတော်အစိုးရမှ အခြေခံဈေးနှုန်း (Minimum Support Price) ဖြင့် စပါးဝယ်ရေးစီမံချက် ဆောင်ရွက် ပေးရန်စဉ်းစားလျက်ရှိပြီး တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်ရေးနှင့် မြှင့်တင်ရေးဥပဒေအရ ဖွဲ့စည်းထား သော ကော်မတီများမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီးအစိုးရ တို့ပူးပေါင်း၍ စပါးဝယ်ယူပေးရေးစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံ၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အသင်းဝင် ဆန်ကုန်သည်များ။ Exporters နှင့် ဆန်စက်ပိုင်များမှလည်း တောင်သူ များထံမှ စပါးဝယ်ယူပေးခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းကို တိုးမြှင့်ဆောင်ရွက်သွားခြင်းဖြင့် တောင်သူလယ်သမားများ၏ စပါးဈေးကျဆင်းမှုအတွက် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဒေါက်တာစိုးထွန်းက ဆိုသည်။

အဆိုပါ စပါးဈေးကျဆင်းမှုအတွက် ပြည်ပသို့ ဆန်တင်ပို့ရောင်းချနိုင်ရန် G to G လက်မှတ်ရေး ထိုးနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဖွဲ့စည်းတည်ထောင်ထားသည့် MAPCO မှလည်း အခြောက်ခံစက် (Dryer) များတင်သွင်း၍ ဆန်စက်များတွင် စပါးအခြောက်ခံဝန်ဆောင်မှုပေးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်နေသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.