Connect with us

Local

ဆီဒိုနားဟိုတယ် (ရန်ကုန်) ၌ အထပ်ပေါင်း ၂၉ ထပ် ပါဝင်သော အင်းလျားဆောင် ထပ်မံ တိုးချဲ ့ဖွင့်လှစ်

ရန်ကုန်မြို့ရှိ ဆီဒိုနားဟိုတယ်တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်သည် အင်းလျားဆောင်အား တွေ့ရစဉ် (ဓာတ်ပုံ- Keppel Land )

ရန်ကုန် ၊ မေ ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ် ဖွင့်လှစ်သည့် နှစ် ၂၀ အကြာ အတွေ့အကြုံပေါ် မူတည်၍ အထပ် ၂၉ ထပ် ၊ အခန်းပေါင်း ၄၃၁ ခန်း ပါဝင်သော အင်းလျားဆောင် အား ထပ်မံ တိုးချဲ့ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ဆီဒိုနားဟိုတယ် (ရန်ကုန်) ၌ ထပ်မံ တိုးချဲ့လိုက်သည့် အင်းလျားဆောင်အား Keppel Land နှင့် ရွှေတောင် အုပ်စု တို့မှ ပူးပေါင်း တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့အင်းလျားဆောင် တိုးချဲ့ဖွင့်လှစ်နိုင်ခြင်းအပေါ် Keppel Corporation ၏ ဥက္ကဋ္ဌ ဖြစ်သူ Mr.Loh Chin Hua က လာမည့် ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံသို့ကမ္ဘာ့လှည့် ခရီးသွား ၇.၅ သန်း အထိ ဝင်ရောက်လာမည် ဖြစ်ရာ ဆီဒိုနား ဟိုတယ်အနေဖြင့် တိုးတက် ဝင်ရောက်လာနိုင်မည့် ခရီးသွားများအတွက် တည်းခိုနေထိုင်ရန် နေရာများ ဖြည့်တင်းပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်က ဆီဒိုနားဟိုတယ်သည် မြန်မာနိုင်ငံသို့၁၉၉၃ ခုနှစ်တွင် စတင် ဝင်ရောက်လာခဲ့ပြီး မြန်မာ့ခရီးသွား လုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ခဲ့ကြောင်း ၊ အစိုးရသစ် အနေဖြင့် ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း ပိုမို ဖွံံ့ဖြိုး တိုးတက်ရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ဆီဒိုနား ဟိုတယ်တွင် ယခုကဲ့သို့အင်းလျားဆောင် ထပ်မံ တိုးချဲ့လိုက်ခြင်းဖြင့် မြန်မာနိုင်ငံသို့လာရောက်မည့် ခရီးသွားဧည့်သည်များအတွက် ပို၍ အထောက်အကူ ပြုနိုင်မည်ဟု ယုံကြည်ကြောင်း အင်းလျားဆောင် တိုးချဲ့ဖွင့်လှစ်သည့် အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ဆီဒိုနားဟိုတယ် (ရန်ကုန်) အား ၁၉၉၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ဆီဒိုနားဟိုတယ် (မန္တလေး) အား ၁၉၉၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ယခု ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်သည့် အင်းလျားဆောင် အပါအဝင် ဆီဒိုနား ဟိုတယ်များတွင် ခရီးသွားများ အတွက် အခန်းပေါင်း ၁၀၀၀ ကျော် အထိ တိုးချဲ့ဝန်ဆောင်မှု ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.