Connect with us

Local

ထားဝယ် အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းတွင် ဒေသခံများ အလုပ်အကိုင် ပိုမိုရရှိရန် အလေးထား ဆောင်ရွက်မည်

လေးကြိမ်မြောက်ပြုလုပ်သည့် မြန်မာ-ထိုင်း နစ်နိုင်ငံ အဆင့်မြင့် ကော်မတီအစည်း အဝေးရှင်းလင်းပွဲ (ဆင်ဟွာ)

နေပြည်တော် ၊သြဂုတ် ၅ ရက်(ဆင်ဟွာ)

ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ပိုင်ခွင့်စာချုပ် အသက်ဝင်ပြီး နောက် ကနဦးကာလ စီမံကိန်းများတွင် ဒေသခံများအတွက် ၂ နှစ်အတွင်း အလုပ်အကိုင် အခွင့်အလမ်း ၆ သောင်းခန့်ရရှိမည်ဟု သိရသည်။

လေးကြိမ်မြောက်ပြုလုပ်သည့် မြန်မာ-ထိုင်း နစ်နိုင်ငံ အဆင့်မြင့် ကော်မတီအစည်း အဝေးကို ယနေ့နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး ၊ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ၊ အီတာလျံ-ထိုင်း ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ ၊ Rojana Industrial Park အများပိုင် ကုမ္ပဏီ နှင့် LNG Plus International ကုမ္ပဏီတို့ပါဝင် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာတစ်ဝိုက်တွင် ရွာပေါင်း ၁၆ ရွာ ရှိသည့်အနက် လိုအပ်သော ၆ ရွာကို ပြောင်းရွေ့နေရာချထားပေးထားသည်။ စာချုပ်အသက်ဝင်ပါက ဒေသခံများအတွက် ထိုက်သင့်သော လျှော်ကြေးများ ရရှိမည် ဖြစ်သည့်အပြင် ထိုက်သင့်သော အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိမည်ဖြစ်သည်။၂၀၁၅ ခုနစ်မှ ၂၀၂၅ ခုနစ်အတွင်း အလုပ်ကိုင်အခွင့်အလမ်း ၃ သိန်းရရှိရန် စာချုပ်စည်းကမ်းချက်များအတွင်း ထည့်သွင်းထားကြောင်း သိရသည်။

ကနဦး စီမံကိန်းကို ၈ နှစ် သတ်မှတ်ထားပြီး စာချုပ်သည် ၇ လအတွင်း အသက်ဝင်မည်ဖြစ်သည်။ ကနဦး စီမံကိန်းတွင် ၂ လမ်းသွား ကားလမ်းများ ၊ ဆိပ်ကမ်းအငယ်စားတစ်ခု နှင့် စက်မှုဇုန်များ ၊ အလုပ်သမားများ နေထိုင်ရန် အိမ်ရာ လျှပ်စစ် ဓာတ်အားပေးစက်ရုံ ၊ ဆက်သွယ်ရေးလိုင်းများ ပါဝင်မည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.