Connect with us

Local

မြန်မာ – တရုတ် စီးပွား ပူးပေါင်းဆောင်ရွက်မှု၊ ငွေကြေးနှင့် နည်းပညာပိုင်း ဖွံ့ဖြိုး တိုးတက်မှု ထိပ်သီး အစည်းအဝေး ကျင်းပ

တရုတ်-မြန်မာ စီးပွား ပူးပေါင်း ဆောင်ရွက်မှု ၊ ငွေကြေးနှင့် နည်းပညာပိုင်း ဖွံ့ ဖြိုး တိုးတက်မှု ဖိုရမ်သို့  ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးအေးသာအောင် တက်ရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

မြန်မာ – တရုတ် စီးပွား ပူးပေါင်းဆောင်ရွက်မှု၊ ငွေကြေးနှင့် နည်းပညာပိုင်း ဖွံ့ဖြိုး တိုးတက်မှု ထိပ်သီး အစည်းအဝေးကို နေပြည်တော် MICC II တွင် ယနေ့ ကျင်းပခဲ့ရာ ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးအေးသာအောင်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဘဏ်လုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပမှ စီးပွားရေး ပညာရှင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး တရုတ်နိုင်ငံတွင် အောင်မြင်လျက်ရှိသည့်် တတိယ ပါတီ ငွေပေးချေမှု စနစ် (Third Party Payment Platform)ကို မြန်မာနိုင်ငံ၌ စတင် မိတ်ဆက်မည့် အဖွဲသို့ ဂုဏ်ပြု လက်မှတ် ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ တတိယ ပါတီ ငွေပေးချေမှု စနစ်ကို MFB (Myanmar’s First Blockchain) Research Institute အဖွဲ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ချိတ်ဆက်ပြီး တစ်နှစ်အတွင်း အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။

ဖိုရမ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့် မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

ပထမပုဂ္ဂလိကဘဏ် ဒါရိုက်တာအဖွဲ့ဝင် U Kap Khen Pau မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

မြန်မာ – တရုတ် ငွေကြေးနှင့် နည်းပညာပိုင်း ဖွံ့ဖြိုး တိုးတက်မှု ထိပ်သီး အစည်းအဝေးအခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

ယနေ့ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က အဖွင့်စကားပြောကြား ခဲ့ပြီး အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် အောင်မြင်လျက်ရှိသည့် The Innovation of Blockchain technology: The Third Payment Platform စနစ်နှင့် ပတ်သက်၍ လုပ်ငန်းရှင်များ၊ ပညာရှင်များက ဆွေးနွေးပြောကြားခဲ့ကြရာ ကမ္ဘာ့တရုတ်လူမျိုးများ အသင်း ၊ မြန်မာ နိုင်ငံအသင်းခွဲ ဥက္ကဋ္ဌ တွမ့်ကျိန့်လီ က နှစ်နိုင်ငံ အနာဂတ် စီးပွား ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍လည်းကောင်း၊ ပထမ ပုဂ္ဂလိက ဘဏ် ဒါရိုက်တာ အဖွဲ့ဝင် U Kap Khen Pau က မြန်မာနိုင်ငံ၏ လက်ရှိ ဘဏ်လုပ်ငန်းများ အခြေအနေများ၊ တတိယ ငွေပေးချေစနစ်၏ အတုယူဖွယ် အချက်များကို ရှင်းလင်း ပြောကြားခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.