Connect with us

Local

မတ်ပဲနှင့် ပဲစင်းငုံကို ဈေးကွက်မပျက်ပြားစေရန် နိုင်ငံတော်နှင့် လုပ်ငန်းရှင်များ စုပေါင်း၍ငွေကျပ် ၁ဝဝ ဘီလီယံ စိုက်ထုတ်ကာ သ့် ဝယ်ယူမည်

ပဲများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

ပဲစင်းငုံနှင့်မတ်ပဲတို့အား လက်ရှိဖြစ်ပေါ် နေသည့် ဈေးအောက်ထပ်မံ မနိမ့်ကျစေ ရန် ရည်ရွယ်၍ သတ်မှတ်ဈေးတစ်ခုထား ရှိဝယ်ယူနိုင်ရေး ပုဂ္ဂလိကလုပ်ငန်းရှင်များ ဘက်မှ လှည့်ပတ်ရန်ပုံငွေကျပ် ၅ဝ ဘီလီယံကိုလည်းကောင်း၊ အစိုးရဘက်မှ ငွေကျပ် ၅ဝ ဘီလီယံကို လည်းကောင်း စုစုပေါင်း ငွေကျပ် ဘီလီယံ ၁ဝဝ ဖြင့် ဝယ်ယူ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက သြဂုတ် ၃၁ ရက်က ထုတ်ပြန်ထားသည်။

လက်ရှိအချိန်၌ ဝယ်လိုအားထက် ရောင်းလိုအား များပြားနေပြီး ပြည်တွင်းဈေးနှုန်းမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် များစွာကျဆင်းနေသည်။ ထို့ကြောင့် ပဲများ ဈေးကွက် မပျက်ပြားစေရန် လက်ရှိ ဖြစ်ပေါ်နေသည့် ဈေးနှင့် အနည်းငယ် ကွာခြားမှုရှိသည့် ဈေးနှုန်းတစ်ခု သတ်မှတ်ကာ ယင်းဈေးနှုန်း ထပ်မံမကျ ဆင်းစေရန် သတ်မှတ်ဈေးနှုန်းတစ်ခုဖြင့် ဝယ်ယူရန် ရန်ပုံငွေတစ်ရပ် ထူထောင်၍ ကျွမ်းကျင်သူများပါဝင်သည့် ကော်မတီ ဖွဲ့စည်းထူထောင်ထားကြောင်း သိရသည်။

အဆိုပါကော်မတီမှ ရန်ပုံငွေအား နိုင်ငံတော်အစိုးရနှင့် အသင်းဝင်များ ထည့်ဝင်ငွေများဖြင့် ငွေကျပ်ဘီလီယံ ၁ဝဝ သတ်မှတ် မတည်ထူထောင်ရန် ဆုံးဖြတ်ကာနိုင်ငံတော်အစိုးရထံမှ ရရှိ သောငွေကို မပျောက်ပျက်စေရန် ပုဂ္ဂလိကဘက်မှ အာမခံပေးထားကြောင်း ၊သတ်မှတ်ဈေးဖြင့် ဝယ်ယူ စုဆောင်းထားသည့် ပဲများကိုလည်း ပြည်ပသို့ တင်ပို့ရောင်းချနိုင် မည့် အခြေ အနေတွင် သက်ဆိုင်ရာကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ရောင်းချပြီး ဝယ်ယူမှု၊ သိုလှောင်မှု၊ ပြည်ပတင်ပို့မှု စသည့်စရိတ် များ နုတ်၍ အရှုံးအမြတ်စာရင်းတွက်ချက် ကာ အခွန်ဆောင်ပြီး ရရှိမည့် အကျိုး အမြတ် စာရင်းအပေါ် သက်ဆိုင်ရာ ပုဂ္ဂိုလ် တစ်ဦးချင်းအလိုက် စနစ်တကျခွဲဝေ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မတ်ပဲနှင့်ပဲစင်းငုံများကို ယခုအချိန် တွင် လက်ရှိဖြစ်ပေါ်နေသည့်ဈေးနှင့် အနည်းငယ်သာကွာခြားမှုရှိသည့် မတ်ပဲFAQ(2017 Crop) တစ်တန်လျှင် ငွေကျပ် ငါးသိန်းနှုန်း၊ မတ်ပဲ(2017 Crop) တစ်တန်လျှင် ငွေကျပ် လေးသိန်း နှုန်းသတ်မှတ်ဈေးဖြင့် အတည်ပြုဝယ်ယူ ရန် ဆုံးဖြတ်ထားကြောင်း မြန်မာ့အလင်း သတင်း တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.