Local
မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ရက်ပေါင်း ၄ဝ ကျော်အတွင်း အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ကျော် ကုန်သွယ်နိုင်ခဲ့

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)
တရားဝင် ကုန်သွယ်ရန် ဖွင့်လှစ်ထားသော နယ်စပ် ကုန်သွယ်ရေး စခန်း ၁၅ ခုရှိသည့် အနက် မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ပမာဏအများဆုံး ကုန်သွယ်မှု ပြုနိုင်ပြီး ကုန်သွယ်သော ပမာဏ တန်ဖိုးမှာ သြဂုတ် လမှ စက်တင်ဘာလ အထိ ရက်ပေါင်း ၄ဝ ကျော်အတွင်း အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ကျော်ရှိကြောင်း အကောက်ခွန် ဦးစီးဌာနမှ ရရှိသည့် ကုန်သွယ်မှု ကိန်းဂဏန်း အချက်အလက်ကို အခြေခံကာ ဖော်ပြထားသော စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ နှိုင်းယှဉ်ချက် စာရင်းများ အရ သိရသည်။
နယ်စပ် ကုန်သွယ်ရေး စခန်းပေါင်း ၁၅ ခုမှတစ်ဆင့် ၂ဝ၁၆ ခုနှစ် သြဂုတ် ၁၂ ရက် မှ ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်အထိ ရက်ပေါင်း ၄ဝ ကျော်အတွင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၇၉၈.၂၉၈ သန်းရှိပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၅၃၁.၄၈၅ သန်း ရှိခဲ့ကြောင်း သိရသည်။
နယ်စပ် ကုန်သွယ်ရေးစခန်း ၁၅ ခုမှ ပြုလုပ်ခဲ့သည့် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၇၉၈ ဒသမ ၂၉၈ သန်းတွင် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၄၇၄.၇၃၇ သန်းနှင့် သွင်းကုန် ပမာဏ အမေရိကန် ဒေါ်လာ ၃၂၃ . ၅၆၁ သန်း ရှိကြောင်း သိရသည်။ (Xinhua)