Connect with us

Local

ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် လျှောက်ထားသည့် အဆိုပြုလွှာ ၅ဝ ကျော်ကို ၂ဝ၁၇ ခုနှစ် မတ်လ အတွင်း အပြီး ဆောင်ရွက်နိုင်ရန်စီစဉ်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ယခုနှစ် နှစ်ကုန်ပိုင်းအထိ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် လျှောက်ထားသည့် အဆိုပြုလွှာ ၅ဝ ကျော်ကို ၂ဝ၁၇ ခုနှစ် မတ်လ အတွင်း အပြီး ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အတွင်း ရေးမှူး ဦးအောင်နိုင်ဦး ထံမှ သိရသည်။

အဆိုပါအဆိုပြုလွှာ ၅ဝကျော်ကို ယခုလကုန်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ အဟောင်းဖြင့်သာ လက်ခံ ပေးမည် ဖြစ်ပြီး ၂ဝ၁၇ ခုနှစ်အတွင်း အဆိုပြုလွှာများကို ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်မည် ဆိုပါက ယခုနှစ် ရင်းနှီးမြှုပ် နှံမှု ပမာဏ လျာထားချက်ကို ပြည့်မီနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခင်ဥပဒေဟောင်းဖြင့် အဆိုပြုလွှာများ တင်ပြထားသည့် လုပ်ငန်းရှင်များ အနေဖြင့် အဆိုပြုလွှာများကို ယခုလကုန် အထိ ယခင် ဥပဒေဟောင်း နှစ်ခုဖြင့်သာ လျှောက်ထားခွင့်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.