Connect with us

Local

ရန်ကုန်မြို့သစ်စီမံကိန်း၏ အချက်အလက်များကို ဖေဖော်ဝါရီလ၌ လုပ်ငန်းရှင်များထံ ထုတ်ပြန်မည်

ရန်ကုန်မြို့သစ်စီမံကိန်း၌ ပါဝင်သော ဒလမြို့နယ်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ရန်ကုန် မြို့သစ်စီမံကိန်းတွင် အိမ်ရာများ အကောင်အထည်ဖော်ရန် စီမံကိန်း အစီအစဉ်အသေးစိတ်ကို ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် လုပ်ငန်းရှင်များထံ ထုတ်ပြန်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါမြို့သစ်စီမံကိန်းများ၏ ဆောင်ရွက်မည့်ပုံစံများကို နိုင်ငံတကာ ပညာရှင် အဖွဲ့အစည်းလေးခုနှင့် တွဲဖက်လုပ်ဆောင်နေပြီး စီမံကိန်းနှင့် ပတ်သက်၍ အသေးစိတ်ကို ဖေဖော်ဝါရီ လဆန်းပိုင်းတွင် လုပ်ငန်းရှင်များထံ ချပြသွားမည်ဖြစ်ကြောင်း၊ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေဖြင့် မြို့သစ်စီမံကိန်းကို ပူးပေါင်းအကောင် အထည်ဖော်ရန် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံပြီး စီမံကိန်းများကို အကြမ်းဖျင်းချပြခဲ့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး၌ တန်ဖိုးနည်းအိမ်ရာများထက် တန်ဖိုးနည်း၊ တန်ဖိုးမျှတနှင့် တန်ဖိုးမြင့်အိမ်ရာများ အားလုံးပေါင်းစပ်ထားသော Mixed use စီမံကိန်းများကို ပိုမိုအကောင်အထည် ဖော်လိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြော ကြားထားပြီး မြို့သစ်စီမံကိန်းများတွင်လည်း Mixed use စီမံကိန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.