Local
လင်ချန်း-ချင်းရွှေဟော် နယ်စပ် စစ်ဆေးရေးဂိတ် မဟာဗျူဟာ ဖွံ့ဖြိုးရေး စီမံကိန်း စတင် ဆောင်ရွက်မည်
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
လင်ချန်း-ချင်းရွှေဟော် နယ်စပ် စစ်ဆေးရေးဂိတ် မဟာဗျူဟာ ဖွံ့ဖြိုးရေး စီမံကိန်း စတင်ဆောင်ရွက် မည်ဖြစ်ကြောင်း စီးပွားရေး ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
လက်ရှိ မြန်မာနိုင်ငံ ကုန်သွယ်ရေး စခန်းများအနက် ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းသည် တတိယ ကုန်သွယ်မှု ပမာဏ အများဆုံး ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်သော်လည်း စီမံကိန်းများ အကောင်အထည် ပေါ်လာပြီး ဖွံ့ဖြိုး တိုးတက်လာမည့် အခွင့်အလမ်းကောင်းများ ရှိကြောင်း အဆိုပါ ဌာနထံမှ သိရသည်။
ရှမ်းပြည်နယ်၏ အရှေ့မြောက်ဘက် ချင်းရွှေဟော် ကုန်သွယ် ရေးစခန်းနှင့် ကပ်လျက်ရှိသော တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းနယ်စပ် စီးပွားရေး ပူးပေါင်းမှုဇုန်၊ မိန်းတိန် တရုတ်-မြန်မာ နယ် စပ်စီးပွားရေးဇုန်တို့နှင့် ထိဆပ်နေသည့် ချင်းရွှေဟော်နယ်စပ် စစ်ဆေးရေး ဂိတ်ဖွံ့ဖြိုးရေး အတွက် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ လေးနိုင်ငံ စီးပွားရေး လမ်းကြောင်းအတွက် ရည်ရွယ် တည်ဆောက်လျက်ရှိသည်။
တရုတ်-မြန်မာ နယ်စပ် ဆက်စပ် လမ်းမကြီး တည်ဆောက်ရန် ရည်ရွယ်ပြီး ၎င်းလမ်းမကြီးက လမ်းအကျယ် ၄၃ မီတာ နှင့် ၄.၃ ကီလိုမီတာ ရှည်လျားပြီး တရုတ်- မြန်မာ လမ်းမကြီးအား ပစိဖိတ် သမုဒ္ဒရာသို့ ထွက်ပေါက်အဖြစ် ကူမင်း-လင်ချန်း-ချင်းရွှေဟော်မှ တစ်ဆင့် မြန်မာနိုင်ငံကို ဖြတ်သန်း၍ ဖောက်လုပ်သွားရန် ရည်ရွယ်သည်။
အဆိုပါ လမ်းမကြီး တည်ဆောက်ရာတွင် ကွမ်းလုံတံတားသစ် တည်ဆောက် ရေးလည်း ပါဝင်ပြီး ယခုနှစ်အတွင်း စတင် ဆောက်လုပ်မည် ဖြစ်ကာ ဆောက်လုပ်ချိန် တစ်နှစ်ခန့်ကြာမြင့်မည် ဖြစ်ပါကြောင်း၊ ရထားလမ်း၊ ကားလမ်း၊ လေကြောင်းလမ်း သုံးခုစလုံး ဆောင်ရွက်နေကာ ကူမင်း-လင်ချန်း ရထားလမ်းပိုင်းမှာ ဖောက်လုပ် ပြီးစီးပြီဖြစ်၍ လက်ရှိ လင်ချန်း-ချင်းရွှေဟော် လမ်းပိုင်း ဖောက်လုပ်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်တွင် ပြီးစီးမည် ဖြစ်သည်။ (Xinhua)