Connect with us

Local

၅၃ ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ၌ ကျောက်စိမ်းအတွဲ ယူရို ၁၅၇.၄၇ သန်း တန်ဖိုး ရောင်းချနိုင်ဟုဆို

၅၃ ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ၌ ရတနာကုန်သည်များ ကျောက်စိမ်းတုံး တစ်တုံး ကို လေ့လာကြည့်ရှု နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

၅၃ ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ၌ ယူရို ၁၅၇.၄၇ သန်းတန်ဖိုး ရောင်းချနိုင်ခဲ့ကြောင်း အဆိုပါ ပြပွဲ ကျင်းပရေးထံမှ သိရသည်။

ဇွန်လ ၂၈ ရက် မှစ၍ ကျောက်စိမ်း အတွဲများကို အိတ်ဖွင့် တင်ဒါစနစ်၊ ဈေးပြိုင်စနစ်များဖြင့် ရောင်းချ လျက်ရှိရာ ယနေ့အထိ ယူရို ၁၅၇.၄၇ သန်း တန်ဖိုး ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် ပုလဲရောင်းချမှု ယူရို ၃.၁၂ သန်း၊ ကျောက်မျက်ရောင်းချ ရမှု ယူရို ၃.၂၉ သန်း ဖြစ်သည်။

ယင်း မြန်မာ့ကျောက်မျက်ရတနာ ပြပွဲသို့ ပြည်တွင်း ရတနာကုန်သည်များ အပြင် တရုတ်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ စင်ကာ ပူ၊ ထိုင်း၊ သြစတြီးယားနှင့် အင်ဒိုနီးရှား စသည့် နိုင်ငံများမှ ရတနာကုန်သည်များ လာရောက်သည်။

မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲသို့ နှစ်စဉ် မပျက်မကွက် တက်ရောက်သည့် ပြည်ပရတနာ ကုန်သည်များကို ပြပွဲရက် အတွင်း ဂုဏ်ပြုမှတ်တမ်း ပေးအပ် ချီးမြှင့်လေ့ရှိရာ ယခု (၅၃) ကြိမ်မြောက် ရတနာပြပွဲထိ ၄၅ ကြိမ်၊ ၃၅ ကြိမ်၊ ၂၅ ကြိမ်နှင့် အကြိမ် ၂ဝ အထိ ဆက်တိုက် တက်ရောက်ခဲ့သည့် ပြည်ပ ရတနာ ကုန်သည် စုစုပေါင်း ငါးဦးအား ဂုဏ်ပြု မှတ်တမ်း ပေးအပ်ခဲ့သည်။

၅၃ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို ယနေ့ ဇွန်လ ၂၄ ရက်တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ကျင်းပခဲ့ရာ ကျောက်စိမ်း အတွဲပေါင်း ၆,၀၆၂ တွဲ ၊ ကျောက်မျက် အတွဲပေါင်း ၅၁၂ တွဲ ၊ ပုလဲ အတွဲပေါင်း ၃၆၅ တွဲ စုစုပေါင်း ၆,၉၃၉ တွဲ ပြသ ရောင်းချသွားမည် ဖြစ်သည်။

ပြပွဲတွင် ကျောက်စိမ်း အတွဲ ၊ ကျောက်မျက် အတွဲနှင့် ပုလဲ အတွဲများကို တင်ဒါစနစ် ၊ ဈေးပြိုင် စနစ်တို့ဖြင့် ဇူလိုင်လ ၆ ရက် အထိ ရောင်းချသွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.