Culture & Entertainment
ဆောင်းဦးအလယ်ပွဲတော် အားလပ်ရက်အတွင်း ခရီးသွားဧည့်သည် ၉၇.၉ သန်း ဝင်ရောက်
ပေကျင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတစ်ဝန်း စက်တင်ဘာလ ၂၂ ရက်မှစတင်ခဲ့သည့် ဆောင်းဦးအလယ်ပွဲတော် အားလပ်ရက် သုံးရက်အတွင်း ခရီးသွားဧည့်သည် ၉၇.၉ သန်းဝင်ရောက်ခဲ့ကြောင်း ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီးဌာန (MCT) က စက်တင်ဘာလ ၂၄ ရက်တွင် ပြောကြားလိုက်သည်။
ဝန်ကြီးဌာန၏ အဆိုအရ ယင်းအားလပ်ရက်ကာလအတွင်း ပြည်တွင်းခရီးသွားလုပ်ငန်းမှာ ဝင်ငွေ ယွမ် ၄၃.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆.၃၄ ဘီလီယံဝန်းကျင်) ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အားလပ်ရက်အတွင်း ရက်တိုခရီးများ သွားရောက်ခဲ့ကြောင်း ကျေးလက်ဒေသများသို့သွားသည့် ခရီးစဉ်များမှာ ပို၍ကျော်ကြားကြောင်း သိရသည်။
စက်တင်ဘာလ ၂၄ ရက် ပေကျင်းစံတော်ချိန် ညနေ ၅း၀၀ နာရီအချိန်အထိ ထိုအားလပ်ရက်အတွင်း နိုင်ငံတစ်ဝန်း ကြီးမားသည့် မတော်တဆမှုများ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း MCT က ပြောကြားခဲ့သည်။
ဆောင်းဦးအလယ်ပွဲတော်တွင် တရုတ်လူမျိုးများအတွင်း မိသားစုများ ပြန်လည်ဆုံစည်းရာ ကာလအဖြစ် သိထားကြသည်။ ထိုသို့ ပြန်လည်ဆုံစည်းကြပြီးနောက် တရုတ်လူမျိုးများက လပြည့်လကို ကြည့်ရှုခြင်းနှင့် အခြားသူများနှင့်အတူ လမုန့်များစားသုံးခြင်းဓလေ့များ ပြုလုပ်ကြသည်။ (Xinhua)