Connect with us

Culture & Entertainment

တရုတ်နိုင်ငံတွင် ဘာသာစကား ဝန်ဆောင်မှု ပံ့ပိုးပေးသည့် လုပ်ငန်းပေါင်း ၇၃,၀၀၀ နီးပါးရှိ

တရုတ် ဘာသာစကား ဝန်ဆောင်မှု လုပ်ငန်း၏ ပြခန်း တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဘာသာစကားနှင့် ဘာသာပြန်ပေးသည့် ဝန်ဆောင်မှု ကုမ္ပဏီပေါင်း ၇၂,၄၉၅ ခု ရှိကြောင်း နောက်ဆုံးထွက်ရှိလာသည့် အစီရင်ခံစာအရ သိရသည်။

ယင်းအနက် ကုမ္ပဏီ ၇,၄၀၀ ခန့်သည် အဆိုပါ လုပ်ငန်းနယ်ပယ်အတွင်း အထူးပြု လုပ်ကိုင်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ဘာသာစကား ဝန်ဆောင်မှု လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ၂၀၁၆ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထားသည်။၂၀၁၅ ခုနှစ်အတွင်း အဆိုပါ ကဏ္ဍမှ ဝင်ငွေ ပမာဏ ယွမ် ၂၈၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၄၁ ဘီလီယံ) ရှိခဲ့ကြောင်း သိရသည်။၎င်း အစီရင်ခံစာအား ဒီဇင်ဘာလ ၂၃ ရက်တွင် ပြုလုပ်သည့် တရုတ်နိုင်ငံ ဘာသာစကား ဝန်ဆောင်မှု လုပ်ငန်းနှင့် ဘာသာပြန်သူများ အသင်း ညီလာခံတွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။သတင်းအချက်အလက် နည်းပညာ တိုးတက်မှုသည် ဘာသာစကား ဝန်ဆောင်မှုများ ဖွံ့ဖြိုးရေးအတွက် ပုံစံသစ်နှင့် ကြီးမားသည့် အခွင့်အရေးများ ဖြစ်ကြောင်း တရုတ် နိုင်ငံခြား ဘာသာစကား ပုံနှိပ်ထုတ်ဝေခြင်း စီမံခန့်ခွဲမှု အဖွဲ့ ဋ္ဌာနမှူး ကျိုးမင်ဝေ့က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.