Connect with us

Culture & Entertainment

နန်းတော်ပြတိုက်အား ဟောင်ကောင်တွင် တည်ဆောက်မည်

ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြတိုက်အဖြစ် ပြုလုပ်ထားသော တရုတ် ဧကရာဇ်တို့၏ နန်းတော် (Forbidden City) ၏ နန်းတော် ပြတိုက်ခွဲ တစ်ခုအား ၂၀၂၂ ခုနှစ်၌ ဟောင်ကောင်တွင် ဖွင့်လှစ်မည် ဖြစ်ပြီး တရုတ်နိုင်ငံ၏ တန်ဖိုးထားဆုံး ရှေးဟောင်း အမွေအနှစ်အချို့အား ဒေသခံများနှင့် ခရီးသွား ဧည့်သည်များ လေ့လာနိုင်မည့် အခွင့်အရေးရရှိမည် ဖြစ်ကြောင်း သိရသည်။

ဟောင်ကောင် နန်းတော်ပြတိုက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာအား နန်းတော် ပြတိုက်နှင့် ဟောင်ကောင် တာဝန်ရှိသူများအကြား ဒီဇင်ဘာလ ၂၃ ရက်က ပေကျင်းမြို့တွင် လက်မှတ်ရေးထိုးခဲ့သည်။အဆိုပါ နန်းတော်ပြတိုက်ခွဲအား Kowloon ယဉ်ကျေးမှု ခရိုင် အနောက်ဘက်ရှိ ဧရိယာ ၁၀,၀၀၀ စတုရန်း မီတာ ကျယ်ဝန်းသည့် နေရာတွင် တည်ဆောက်မည် ဖြစ်ပြီး ယဉ်ကျေးမှုနှင့် နန်းတော်ပြတိုက် သမိုင်းကြောင်း၊ မင်းဧကရာဇ်များ၏ ဘဝနေထိုင်မှု ပုံရိပ်များအား ခင်းကျင်းပြသထားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117