Connect with us

Culture & Entertainment

တရုတ်နိုင်ငံတွင် ယဉ်ကျေးမှုနှင့် သဘာဝဆိုင်ရာ အမွေအနှစ်များနေ့တွင် အစီအစဉ် ၄,၆၀၀ ကျော် ပြုလုပ်ရန်စီစဉ်ထား

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် Lin’gao နယ်မြေ Meilang ကျေးရွာတွင် လူနှင့် ရုပ်သေးပြပွဲ တင်ဆက်ပြသနေသူအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတစ်ဝန်းတွင် ဇွန်လ ၁၃ ရက်၌ ကျရောက်မည့် ယခုနှစ်၏ ယဉ်ကျေးမှုနှင့် သဘာဝဆိုင်ရာ အမွေအနှစ်များနေ့တွင် ကျင်းပရန် အစီအစဉ်ပေါင်း ၄,၆၀၀ ကျော်ကို စီစဉ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကွေ့လင်မြို့၌ သမိုင်းဝင် အမွေအနှစ်များက ပြည်သူများ၏ ဘဝများနှင့် လူမှုအသိုင်းအဝိုင်းကို မည်သို့ ပုံဖော်လျက်ရှိသည်ကို ဖော်ပြသည့် အစီအစဉ်များဖြင့် ကျင်းပနေခြင်းဖြစ်ကြောင်း အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်များ ဦးစီးဌာန ဒုတိယ ဌာနမှူး Guan Qiang က ဇွန် ၅ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါနေ့တွင် ဖိုရမ်များ၊ တံခါးဖွင့်သင်တန်းများ၊ ပြပွဲများနှင့် အနုပညာဆိုင်ရာဈေးဆိုင်များ ပြုလုပ်သွားမည်ဟု Guan က ဆိုသည်။

၂၀၀၆ ခုနှစ်ကစ၍ တရုတ်နိုင်ငံသည် ဇွန်လ၏ ဒုတိယမြောက် စနေနေ့တွင် ယဉ်ကျေးမှု အမွေအနှစ်များနေ့ကို ကျင်းပခဲ့သည်။ ၂၀၁၇ ခုနှစ်တွင်မူ ယဉ်ကျေးမှုနှင့် သဘာဝဆိုင်ရာ အမွေအနှစ်များနေ့ဟူ၍ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.