Connect with us

Economy

နိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို ထောက်ခံ အားပေးကြရန် ပြည်ပရောက် တရုတ်လူမျိုများအား တိုက်တွန်း

တရုတ်နိုင်ငံ၏ နိုင်ငံရေး ထိပ်တန်းအကြံပေး Yu Zhengsheng ( ယာ) နှင့် ဟောင်ကောင် ၊ မကာအို အထူး အုပ်ချုပ်ခွင့်ရ ဒေသများမှ ကိုယ်စားလှယ်များအား တွေ့ဆုံ နှုတ်ဆက်နေကြစဉ် ( ဆင်ဟွာ )

ပေကျင်း ၊ ဧပြီ ၉ ရက် ( ဆင်ဟွာ )

တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေး အကြံပေး ယွီကျန့်ရှန်း ( Yu Zhengsheng ) က ပင်လယ်ရပ်ခြား တိုင်းတစ်ပါးသို့ ရောက်ရှိနေသော တရုတ်လူမျိုးများအား တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေး အစီအစဉ်များတွင် ပါဝင်ကြရန် ၊ အထူးသဖြင့် ဆင်းရဲ မွဲတေမှု လျှော့ချရေး နှင့် ထောက်ပံ့ လှူဒါန်းရေး အစီအစဉ် များတွင် ပိုမို ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်း ပြောကြားလိုက်သည်။

တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ( CPCC) အမျိုးသား ကော်မတီ ဥက္ကဋ္ဌ Yu သည် ပြည်ပရောက် တရုတ်လူမျိုးများ နှင့် ဟောင်ကောင် နှင့် မကာအို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ တရုတ်အမျိုးသား များအား ဧပြီလ ၈ ရက် က လက်ခံ တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲသို့ တက်ရောက် လာသူများသည် ၂ဝ၁၃ ခုနှစ် က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ် ( Sichuan ) ပြည်နယ်တွင် ငလျင်ဒဏ် ပြင်းထန်စွာ ခံစားရပြီးနောက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများတွင် များစွာ ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြသူများ ဖြစ်ကြသည်။ ၂ဝ၁၃ ခုနှစ် ဧပြီလ ၂ဝ ရက်က တရုတ်နိုင်ငံ Lushan စီရင်စုတွင် လှုပ်ခတ် ခဲ့သော ငလျင်သည် ပြင်းအား ၇.ဝ ရစ်ချ်တာ စကေး ရှိပြီး လူပေါင်း ၁၉၆ ဦး သေဆုံးခဲ့သည်။

နိုင်ငံတော်ကောင်စီ၏ ပြည်ပရောက် တရုတ်လူမျိုးများ ရေးရာရုံး၏ ဖိတ်ကြားချက်အရ ရောက်ရှိလာသော ဧည့်သည်တော်များသည် ငလျင်ဒဏ် ခံခဲ့ရသည့်နေရာများ၌ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေများကို သွားရောက် ကြည့်ရှုကြမည်ဟု ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲတွင် Yu က ပြည်ပရောက် တရုတ်လူမျိုးများ နှင့် ဟောင်ကောင် နှင့် မကာအို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများမှ တရုတ် အမျိုးသားများသည် တရုတ်နိုင်ငံ၏ တည်ဆောက်ရေး နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် အရေးကြီးသော အင်အားစုများ ဖြစ်ကြောင်း နှင့် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့် ဝါဒဖြင့် ခေတ်မီ နိုင်ငံတော်ကြီးဆီသို့ဦးတည် မှောင်းနှင်ရာတွင် အစားထိုး၍ မရသော ကူညီ ထောက်ပံ့မှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Yu က နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် ပိုမို ပြင်ထန်သောလာသော စိန်ခေါ်မှုများ ရှိနေကြောင်း ၊ တရုတ်နိုင်ငံသည် ရုပ်ဝတ္ထု ပိုင်းဆိုင်ရာတွင် ခိုင်မာသော အခြေခံအုတ်မြစ် နှင့် အရှိန်အဟုန်ကြီးမားပြီး ခိုင်မာသော စီးပွားရေး ရှိကြောင်း နှင့် တရုတ်နိုင်ငံ၏ စီးပွားရေး ရေရှည် အောင်မြင် ဖြစ်ထွန်းရေး အတွက် ယုံကြည်မှု ရှိကြောင်း အလေးအနက် ပြောကြားခဲ့သည်။

ထို့ပြင် Yu က တရုတ်နိုင်င ံဖွံ့ဖြိုး တိုးတက်လာသည်နှင့် အမျှ ကမ္ဘာကြီး အတွက် တိုး၍တိုး၍ အကျိုးပြုနိုင် သလို အခွင့်အရေး များစွာကိုလည်း ဖန်တီးပေးနိုင်လိမ့်မည် ဖြစ်ကြောင်း နှင့် ပြည်ပရောက် တရုတ်လူမျိုးများနှင့် ဟောင်ကောင် ၊ မကာအို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများမှ တရုတ် အမျိုးသားများ အနေဖြင့် တရုတ်နိုင်ငံ ဖွံ့ဖြိုးရေး အတွက် ပိုမို ကြိုးပမ်း အားထုတ်ကြရန် နှင့် ဆင်းရဲ မွဲတေမှု လျှော့ချရေး နှင့် ထောက်ပံ့ လှူဒါန်းမှုများတွင် ပါဝင်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.