Connect with us

Economy

တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြင်သစ်နိုင်ငံသို့ တိုက်ရိုက် ကုန်ရထား ပြေးဆွဲ

တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြင်သစ်နိုင်ငံသို့ တိုက်ရိုက် ပြေးဆွဲမည့် ကုန်ရထားအား တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ဝူဟန်မြို့ မှ ပြင်သစ်နိုင်ငံ Lyons မြို့သို့ ချိတ်ဆက်ထားသည့် တိုက်ရိုက် ကုန်ရထားသည် ဧပြီလ ၆ ရက်နေ့က စတင် ပြေးဆွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ရထားတွင် စက်ပစ္စည်းများ၊ အီလက်ထရောနစ် ပစ္စည်းများနှင့် ဓါတုဗေဒပစ္စည်းများ တင်ဆောင်ထား ပြီး တရုတ်နိုင်ငံ အနောက်ဘက် အကျဆုံးဖြစ်သည့် ရှင်းကျန်းဒေသရှိ Alataw Pass ကို ဖြတ်၍ တရုတ်နိုင်ငံမှ ထွက်လာပြီးနောက် ကာဇက်စတန်နိုင်ငံ၊ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ ပိုလန်နိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့ကို ဖြတ်ကျော်ကာ နောက်ဆုံးတွင် ပြင်သစ်နိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

ခရီးအကွာအဝေး ၁၁,၃၀၀ ကီလိုမီတာရှိသည့် ဝူဟန်မှ ပြင်သစ်နိုင်ငံသို့ သင်္ဘောဖြင့် ကုန်များ တင်ပို့ပါက ကြာချိန် ရက်ပေါင်း ၅၀ မှ ၆၀ အထိ ရှိပြီး ယခု ကုန်ရထားဖြင့် တင်ပို့ပါက ၁၆ ရက်သာ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံမှ မော်တော်ကား အစိတ်အပိုင်းများ၊ ဝိုင်နှင့် စိုက်ပျိုးရေး ထုတ်ကုန်များကို တရုတ်နိုင်ငံသို့ အဆိုပါ ရထားဖြင့် ပြန်လည် သယ်ဆောင်လာမည် ဖြစ်ကြောင်း သိရသည်။

ပိုးလမ်းမကြီး အစပျိုးမှုကို ကူညီ ထောက်ပံ့ခြင်းဖြင့် ယင်းရထားသည် တရုတ်နိုင်ငံနှင့် ဥရောပ နိုင်ငံများကြား ပူးပေါင်း ဆောင်ရွက်မှုများကို တိုးတက် စေလာမည်ဟု မျှော်လင့်ကြကြောင်း သိရသည်။

ချုံချင့်၊ ဝူဟန်၊ ကျန့်ကျိုး၊ ချောင်ရှား နှင့် ရှန်းရန် မြို့များ အပါအဝင် တရုတ်နိုင်ငံရှိ မြို့တော်တော်များများတွင် ဥရောပသို့ တိုက်ရိုက် ကုန်ရထား ဝန်ဆောင်မှု များရရှိနိုင်ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117