Economy
ခေတ်သစ် ပိုးလမ်းမကြီး ချန်နယ်အား ဆင်ဟွာသတင်းဋ္ဌာန စတင်လုပ်ဆောင်ကြောင်း ကြေညာ
ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)
ဆင်ဟွာ သတင်းဌာန၏ အွန်လိုင်း သတင်း ဝက်ဘ်ဆိုဒ် ဖြစ်သည့် Xinhuanet က ခေတ်သစ် ပိုးလမ်းမကြီး ချန်နယ် (“Belt and Road” Channel) အား ဇွန်လ ၁၇ ရက်က စတင်လိုက်ကြောင်း ကြေညာလိုက်သည်။
ယင်း ချန်နယ်သည် ခိုင်မာသော သတင်းနှင့် အချက်အလက်များ ထုတ်ပြန်ပေးခြင်း၊ စီးပွားရေး ပူးပေါင်းဆောင် ရွက်မှု လွယ်ကူစေရန် အကူအညီများ ထောက်ပံ့ပေးခြင်းနှင့် ပိုးလမ်းမကြီး တစ်လျှောက်ရှိနိုင်ငံများအကြား ယဉ် ကျေးမှု ဖလှယ်မှုများ စသည်တို့ ပါဝင်သည့် ပြည့်စုံကျယ်ပြန့်သော ပေါင်းကူး တစ်ခုအဖြစ် တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ချန်နယ်တွင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှုဖလှယ်မှုများ အပေါ် အထူးသီးသန့် အမြင်များဖြင့် လတ်ဆတ် ရိုးရှင်းသည့် ပုံစံဖြင့် တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
Xinhuanet သည် လက်ရှိအချိန်တွင် ဘာသာစကားအားဖြင့် အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ စပိန်၊ ရုရှား၊ အာရပ်၊ ဂျပန်နှင့် ကိုရီးယား စသည့် ဘာသာစကား ၈ မျိုး၊ ဥရောပ၊ အာဖရိကနှင့် အာရှ-ပစိဖိတ် စသည့် နိုင်ငံရပ်ခြား ကဏ္ဍကြီး သုံးခု အပြင် ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်း စသည့် ချန်နယ် ၅ ခု တို့ဖြင့် သတင်းများ တင်ဆက်လျက်ရှိသည်။
ခေတ်သစ် ပိုးလမ်းမကြီးချန်နယ် (“Belt and Road” Channel) အား တရုတ်၊ အင်္ဂလိပ် နှင့် အာရပ် စသည့် ဘာသာစကား (၃) မျိုးဖြင့် တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။
တရုတ်ဘာသာဖြင့် ဝင်ရောက်ကြည့်ရှုမည်ဆိုပါက
http://www.xinhuanet.com/silkroad/index.htm ဖြင့်လည်းကောင်း၊
အင်္ဂလိပ်ဘာသာဖြင့် ဝင်ရောက်ကြည့်ရှုလိုပါက
http://www.xinhuanet.com/silkroad/english/index.htm ဖြင့်လည်းကောင်း၊
အာရပ်ဘာသာဖြင့် ဝင်ရောက်ကြည့်ရှုလိုလျှင်
http://www.xinhuanet.com/silkroad/arabic/index.htm ဖြင့် လည်းကောင်း ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။ (Xinhua)