Economy
တရုတ်နိုင်ငံ ဟဲပေပြည်နယ်မှ လက်မှုဖန်ထည်ပစ္စည်းများ ပြည်ပဈေးကွက်များသို့ တင်ပို့လျက်ရှိ
ဟဲကျန်း၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ဟဲပေပြည်နယ် ဟဲကျန်းမြို့ရှိ လက်မှုဖန်ထည်ပစ္စည်း လုပ်ငန်းသည် ၁၉၇၀ပြည့်လွန်နှစ်များတွင် အစပျိုးခဲ့ခြင်းဖြစ်ရာ ၎င်းဒေသ၏ ပင်မရိုးရာလုပ်ငန်း တစ်ခု ဖြစ်သည်။
ယခုနှစ်ပိုင်းများတွင် ဟဲကျန်းမြို့သည် စီးပွားရေးလုပ်ငန်းများ၏ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုစွမ်းအား(R&D)ကို အားထားတိုးမြှင့်ဆောင်ရွက်လျက်ရှိရာ လက်မှု ဖန်ထည်လုပ်ငန်းများ အဆင့်မြှင့်တင်တွန်းအားပေးဆောင်ရွက်မှုကြောင့် ယင်းပစ္စည်းများသည် နိုင်ငံနှင့်ဒေသပေါင်း ၅၀ ကျော်ရှိ ဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။
လက်ရှိ ဟဲကျန်းမြို့တွင် လက်မှုအနုပညာ ဖန်ထည်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတွင် လုပ်ဆောင်သူ ၅ သောင်းကျော်ရှိပြီး လုပ်ငန်းပေါင်း ၂၄၀ ကျော် ရှိရာ နှစ်စဉ်ထုတ်လုပ်မှုတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၂ ဘီလီယံအထိ ရှိကြောင်း သိရသည်။ (Xinhua)