Connect with us

Economy

ယခုနှစ်ကာလအတွင်း အပြန်အလှန်အကျိုးဖြစ်ထွန်းစေခဲ့သည့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” စီမံကိန်းများ

၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၆ ရက်က ဖောက်လုပ်ပြီးစီးခဲ့သည့် ကင်ညာနိုင်ငံ နိုင်ရိုဘီ-မာလားဘာ SGR ရထားလမ်း (Nairobi- Malaba Standard Gauge Railway)ပထမပိုင်းနေရာတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ)

ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းသည် တရုတ်နိုင်ငံ၏ တစ်ကမ္ဘာလုံး  တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှု ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှု စနစ်တိုးတက်အောင် ပါဝင်ဆောင်ရွက်ခြင်းဖြစ်သလို အတူဖွံ့ဖြိုးစည်ပင်၀ပြောစေရန်နှင့် လူသားတို့၏ကံတူအကျိုးပေးအသိုက်အဝန်းတစ်ခုကို တည်ဆောက်ရန် တွန်းအားပေးမြှင့်တင်ဆောင်ရွက်သည့် တရုတ်နိုင်ငံ၏ နည်းလမ်းဗျူဟာဖြစ်ရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ အထိဆိုရလျှင် တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၁၃၇ နိုင်ငံ၊ နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၃၀ နှင့်  ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှုစာချုပ် ၁၉၇ ခု ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။ 

ယခုနှစ်အတွင်း အပြန်အလှန်အကျိုးဖြစ်ထွန်းစေခဲ့သည့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” စီမံကိန်း အောင်မြင်တိုးတက်မှု အများအပြားရရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့မှာ ကင်ညာနိုင်ငံ  နိုင်ရိုဘီ-မာလားဘာ SGR ရထားလမ်း (Nairobi- Malaba Standard Gauge Railway)ပထမပိုင်း ၊ တူရကီနိုင်ငံ ဟနူတူကျောက်မီးသွေးသုံးဓါတ်အားပေး စက်ရုံ(Hunutlu power station)၊ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အမြင့် ၃၅၀ မီတာ ရှိ လက်ရှိ တောင်အာရှဒေသ အမြင့်ဆုံး  တီဗွီတာဝါတိုင်(Lotus TV Tower)၊ ဘီလာရုဇ်နိုင်ငံ အင်ဂျင်စက်ရုံ၊ တောင်အာရှဒေသ ဘဏ္ဍရေး၊ ခရီးသွား ၊ သယ်ယူပို့ဆောင်ရေး၊ ITစသည်တို့ စုစည်းရာ အဆင့်မြင့် မြို့အဖြစ် တည်ဆောက်မည့် သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းမြို့ ၊ ဂရိနိုင်ငံ ပီရီးယက်စ် ဆိပ်ကမ်း (Piraeus  port) ၊ တရုတ်နိုင်ငံ ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ ၊ အလယ်အာရှနှင့် ဥရောပတိုက်ကို ဖြတ်သန်းကာ နယ်စပ်ဖြတ်ကျော် E-commerce သီးသန့်ဝန်ဆောင်မှုပေးနိုင်မည့် CHINA RAILWAY Express(Yiwu-Liege)eWTP- Cainiao ပထမဆုံး ဘယ်လ်ဂျီယံနိုင်ငံသို့ ရောက်ရှိနိုင်ခြင်းတို့ပါဝင်ကြောင်း သိရသည်။

စက်တင်ဘာ ၂၂ ရက်တွင် စတင် လည်ပတ်နိုင်ခဲ့သည့် တူရကီနိုင်ငံ တောင်ပိုင်း Adanaပြည်နယ်ရှိ  ဟနူတူကျောက်မီးသွေးသုံးဓါတ်အားပေး စက်ရုံ(Hunutlu power station) အားတွေ့ရစဉ် (ဆင်ဟွာ)

စက်တင်ဘာ ၁၆ ရက်က ဆောက်လုပ်ပြီးစီးခြင်းအခမ်းအနားကျင်းပခဲ့သည့် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အမြင့် ၃၅၀ မီတာ ရှိ လက်ရှိ တောင်အာရှဒေသအမြင့်ဆုံး  တီဗွီတာဝါတိုင် (Lotus TV Tower) အား တွေ့ရစဉ်(ဆင်ဟွာ)

ဘီလာရုဇ်နိုင်ငံ Minsk နိုင်ငံတကာ လေဆိပ်အနီး တရုတ်-ဘီလာရုဇ် စက်မှု ဥယျာဉ်အတွင်း တည်ဆောက်ထားသော အင်ဂျင်စက်ရုံမှ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ဒီဇယ်အင်ဂျင်များ စတင်ထုတ်လုပ်နိုင်မှုအား တွေ့ရစဉ်(ဆင်ဟွာ)

 

တရုတ်-သီရိလင်္ကာ နှစ်နိုင်ငံ ပူးပေါင်းတည်ဆောက်နေသည့် ကိုလံဘို ဆိပ်ကမ်းမြို့နေရာအားတွေ့ရစဉ်(ဆင်ဟွာ)

ဂရိနိုင်ငံ ပီရီးယက်စ် ဆိပ်ကမ်း (Piraeus  port)မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

 

CHINA RAILWAY Express(Yiwu-Liege)eWTP- Cainiao ပထမဆုံး ဘယ်လ်ဂျီယံနိုင်ငံသို့ ဆိုက်ရောက်စဉ်(ဆင်ဟွာ)

ကူဝိတ်နိုင်ငံ Ahmadiပြည်နယ် Al-Zour Refinery Project(ZOR)စက်ရုံတွင် တပ်ဆင်ပြီးသော စက်ကိရိယာများအား တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်   ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် မီးရထားလမ်း စီမံကိန်း(Jakarta-Bandung HSR Project ) ဝါလိနီ ဥမင်လှိုဏ်ခေါင်း(Walini tunnel) မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း လာအိုနိုင်ငံ Luang Prabangပြည်နယ် မဲခေါင်မြစ် တံတားကြီးအား တွေ့ရစဉ်(ဆင်ဟွာ)

ထို့အပြင် ကူဝိတ်နိုင်ငံ Ahmadiပြည်နယ် Al-Zour Refinery Project(ZOR)စက်ရုံတွင် အဓိကပင်မ စက်ကိရိယာ တပ်ဆင်မှုပြီးစီးခြင်း ၊ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်   ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် မီးရထားလမ်း စီမံကိန်း(Jakarta-Bandung HSR Project ) ဝါလိနီ ဥမင်လှိုဏ်ခေါင်း(Walini tunnel) ဖောက်လုပ်ပြီးစီးခြင်း၊ တရုတ်-လာအို ရထားလမ်း လာအိုနိုင်ငံ Luang Prabangပြည်နယ် မဲခေါင်မြစ် တံတားကြီးကို ချိတ်ဆက်ပေးနိုင်ခြင်းတို့ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.