Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ မြောက်ပိုင်းတွင် သဲဖုန်လေပြင်းတိုက်ခတ်မှုများ ဆက်လက်ဖြစ်ပွား၊ ပြည်နယ် (၁၇)ခုတွင် သက်ရောက်မှုရှိ

တရုတ်နိုင်ငံ ပေကျင်းမြို့ Temple of Heaven၏ မြင်ကွင်းအား မတ် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Chinanews.com)

ပေကျင်း၊ မတ် ၁၆ ရက်(ဆင်ဟွာ)

ယခုရက်ပိုင်းများအတွင် အအေးလေလှိုင်းတိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံ မြောက်ပိုင်း နေရာဒေသများတွင် သဲဖုန်လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်လျက်ရှိရာ တရုတ်နိုင်ငံ ဗဟိုမိုးဇလဌာနက သဲမုန်တိုင်း အပြာရောင် ကြိုတင်သတိပေးချက် အသက်ဝင်ခဲ့ကြောင်း သိရသည်။ ရာသီဥတု စမ်းစစ်ချက်များအရ မတ် ၁၉ ရက်နှင့် ၂၀ ရက်များတွင် အအေးလေလှိုင်း သဲဖုန်ထူပြောသည့်ရာသီဥတု တစ်ဖန်ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

အအေးလှိုင်းတိုက်ခတ်မှုကြောင့် ပြည်နယ် (၁၇)ခုတွင် သဲဖုန်ထူပြောရာသီဥတု ဆက်လက် ဖြစ်ပွား

ယခုရက်ပိုင်းများတွင် တရုတ်နိုင်ငံမြောက်ပိုင်း ဒေသများတွင် သဲဖုန်ထူပြောသည့် ရာသီဥတု ဖြစ်ပေါ်လျက်ရှိရာ အချို့နေရာများတွင် တွေ့ခဲလှသည့် သဲမုန်တိုင်း ဖြစ်ပေါ်နေကြောင်း သိရသည်။ ၎င်းရာသီဥတုမှာ ယခု (၁၀)နှစ်တာကာလအတွင်းအပြင်းထန်ဆုံးသော သဲဖုန်ထူပြောသည့်ရာသီဖြစ်ရာ သဲမုန်တိုင်းပြင်းထန်မှုအဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာန သဘာဝပတ်ဝန်းကျင် မိုးဇလစင်တာအကြီးအကဲ ကျန်းပိဟွေးက မိုးဇလဦးစီးဌာန၏ မတ် ၁၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသ Alxa Right Bannerတွင် သဲမုန်တိုင်းတိုက်ခတ်နေသည့်မြင်ကွင်းအား မတ် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Chinanews.com)

တရုတ်နိုင်ငံ မိုးဇလဝဘ်ဆိုက်၏ သတင်းများအရ မတ် ၁၅ ရက်တွင် သဲဖုန်ထူပြောသည့်ရာသီဥတုသည် အနောက်ဘက် ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထူလူဖန်းမှသည့် အရှေ့ဘက် ဟေးလုံကျန်းပြည်နယ် တာ့ချင်၊ ကျီလင်ပြည်နယ် ချန်ချွမ်းအထိ သက်ရောက်မှုရှိနိုင်သည်။ ကန်းစုပြည်နယ် ကျားယွိကွမ်းတွင် ၁၂ နာရီက PM10 concentrationသည် (၉,၉၈၅)မိုက်ခရိုဂရမ်/ကုဗမီတာ ထိရှိပြီး ပေကျင်းမြို့တွင်းတွင် (၈,၀၀၀)မိုက်ခရိုဂရမ်/ကုဗမီတာ ထိရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ကန်းစုပြည်နယ် ဒေသများတွင် သဲဖုန်ထူပြောသည့်ရာသီဥတုနှင့်ကြုံတွေ့နေစဥ် ယာဉ်ထိန်းရဲတစ်ဦး တာဝန်ထမ်းဆောင်လျက်ရှိသည်ကို မတ် ၁၅ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-Chinanews.com)

ထိုရာသီဥတုမျိုးသည် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ ဗဟိုမိုးဇလဌာန၏ သတင်းများအရ အအေးလေလှိုင်း၏သက်ရောက်မှုကြောင် မတ် ၁၅ ရက် ၂၀ နာရီမှ ၁၇ ရက် ၈ နာရီအထိ ရှင်းကျန်းအလယ်ပိုင်း၊ အရှေ့မြောက်ပိုင်းဒေသ၊ မြောက်ပိုင်း၊ မြစ်ဝါမြစ်နှင့်ဟွိုင်ဟော်မြစ်ကြားဒေသ၊ ယန်ဇီမြစ်နှင့် ဟွိုင်ဟော်မြစ်ကြားဒေသ၊ ယန်ဇီမြစ်တောင်ပိုင်း‌ မြောက်ဘက်ဒေသများတွင် အပူချိန် 4℃မှ ℃၊ အချို့ဒေသများတွင်10℃မှ 12℃အထိ ကျဆင်း နိုင်ကြောင်း သိရသည်။

အတွင်းမွန်ဂိုလီးယား၊ အရှေ့မြောက်ပိုင်းဒေသ၊ အနောက်မြောက်ပိုင်းဒေသ မြောက်ဘက်ပိုင်း၊ မြောက်ပိုင်းဒေသ အရှေ့ဘက်ပိုင်း၊ မြစ်ဝါမြစ်နှင့်ဟွိုင်ဟော်မြစ်ကြားဒေသ အရှေ့ဘက်ပိုင်း၊ယန်ဇီမြစ်နှင့် ဟွိုင်ဟော်မြစ်ကြား အရှေ့ပိုင်း ဒေသများတွင် လေတိုက်နှုန်းအဆင့် (၄) မှ (၇)အထိလည်းကောင်း၊ အဆိုပါဒေသ အချို့တွင် လေတိုက်နှုန်းအဆင့် (၈)မှ (၁၀) အထိ လည်းကောင်း ရှိသည်။

အအေးလေလှိုင်း ရိုက်ခတ်မှုကြောင့် မတ် ၁၅ ရက် ၂၀ နာရီမှ မတ် ၁၆ ရက် ၂၀ နာရီ အထိ ရှင်းကျန်းဒေသ တောင်ပိုင်း မြေနိမ့်ချိုင့်ဝှမ်းဒေသနှင့် အရှေ့ဘက်ပိုင်းနေရာများ၊ အတွင်းမွန်ဂိုလီးယားဒေသ အနောက်ဘက်ပိုင်း၊ ဟေးလုံကျန်းပြည်နယ် အနောက်တောင်ပိုင်း၊ ကျီလင်ပြည်နယ် အနောက်ပိုင်း၊ လျောင်နင်ပြည်နယ် အနောက်အလယ်ပိုင်း၊ ချင်းဟိုင်ပြည်နယ် အနောက်မြောက်ပိုင်း၊ ကန်းစု၊ နင်းရှ၊ ဆန်ရှီး မြောက်အလယ်ပိုင်းဒေသ၊ ဆန်းရှီး၊ ဟဲပေ၊ ပေကျင်း၊ ထျန်းကျင်း၊ ဆန်းတုန်း၊ ဟဲနန်၊ အန်းဟွေးမြောက်အလယ်ပိုင်း၊ ကျန်းဆူးမြောက်အလယ်ပိုင်းဒေသရှိ အချို့ဒေသများတွင် သဲဖုန်ထူပြောသည့် ရာသီဥတု ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။

ဆန်ရှီးပြည်နယ် ယွိလျင်မြို့တွင် မြို့မိုးဇလဌာနက မတ် ၁၅ ရက် ၁၈ နာရီ ၀၂ မိနစ်တွင် သဲမုန်တိုင်း အဝါရောင်ကြိုတင် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ယွိလျင်မြို့ ပညာရေး ဦးစီးဌာနက တစ်မြို့လုံးတွင်ရှိသည့် အလယ်တန်းနှင့် မူလတန်းကျောင်း၊ မူကြိုကျောင်းများကို မတ် ၁၅ ရက် ညနေမှ ၁၆ ရက်အထိ ယာယီကျောင်းပိတ်ထားရန် ဆုံးဖြတ်ခဲ့သည်။

ခြုံငုံဆိုလျှင် သဲဖုန်ရာသီဥတုသည် တောင်ဘက်ပိုင်းသို့ ရွှေ့လျားနေသည့် အနေအထားရှိသည်။ တရုတ်နိုင်ငံ မိုးဇလ ဝဘ်ဆိုက်၏ သတင်းများအရ မတ် ၁၆ ရက်တွင် ကျန်းဆူး၊ အန်းဟွေး စသည့်ဒေသများတွင် သဲဖုန်ထူပြောမည့်အခြေအနေရှိသော်လည်း ၁၅ ရက်ကထက် ပြင်းအားလျော့နည်းသွားမည် ဖြစ်ကြောင်း သိရသည်။

သဲဖုန်ပြန့်လွင့်မှုပြင်းအား လျော့နည်းလာသော်လည်း မတ် ၁၉ ရက်တွင် ထပ်မံ ဖြစ်ပွားနိုင်

“သဲဖုန်ထူပြောတဲ့ရာသီဥတုကတော့ ပေကျင်း၊ ထျန်းကျင်း၊ ဟဲပေ ဒေသတွေမှာ အချိန်အကြာကြီး တိုက်ခတ်မယ့်အခြေအနေ မရှိတော့ဘူး ” ကျန်းပိဟွေးက ဆိုသည်။
သို့သော်လည်း မတ် ၁၉ ရက်နှင့် ၂၀ ရက်တွင် အအေးလေလှိုင်းလှုပ်ရှားမှုကြောင့် တရုတ်နိုင်ငံ အရှေ့အလယ်ပိုင်းဒေသများတွင် အပူချိန်ကျဆင်း၍ လေတိုက်အားရှိနိုင်ကြောင်း၊ အတွင်းမွန်ဂိုလီးယားဒေသ အနောက်အလယ်ပိုင်း၊ ဟဲရှီစင်္ကြန်၊ နင်းရှစသည့် အချို့ဒေသများတွင် သဲဖုန်ပြန့်လွင့်နေသည့် ရာသီဥတုဖြစ်နိုင်‌သော်လည်း ပြင်းအားမှာ ယခုအကြိမ်ထက် လျော့နည်းသွားမည်ဖြစ်ကြောင်း ဆိုသည်။

သဲဖုန်ရာသီဥတုသည် နွေဦးရာသီတွင် တွေ့နေကျလက္ခဏာမျိုးဖြစ်

တရုတ်နိုင်ငံ မိုးဇလဦးစီးဌာန၏ သတင်းကိန်းဂဏန်းများအရ တရုတ်နိုင်ငံတွင် သဲဖုန်တိုက်ခတ်သည့် ရာသီဥတုသည် နွေဦးရာသီနှင့် ဆောင်းရာသီတွင် အဓိကဖြစ်ပွားလေ့ရှိရာ ဆောင်းဦးရာသီတွင် ဒုတိယ၊ နွေရာသီတွင် ဖြစ်ပွားမှုအနည်းဆုံး ဖြစ်သည်။ နွေဦးရာသီဖြစ်သည့် မတ်လ မှ ဧပြီလ ကာလအတွင်း သဲဖုန်ရာသီဥတု ဖြစ်ပေါ်မှုအကြိမ်အရေသည် တစ်နှစ်ပတ်လုံး၏ (၇၇.၅)ရာခိုင်နှုန်းရှိရာ ဧပြီလတွင် အများဆုံးတွေ့ရပြီး မတ်လနှင့်မေလတွင် ဒုတိယအများဆုံး တွေ့ရတတ်ကြောင်း သိရသည်။ (Xinhua)
——————————————-
(Chinese Version)

北方沙尘天继续!17省份受影响 19日或杀回马枪
2021/03/16 07:27:22 来源:中国新闻网
近日,受冷空气大风影响,北方多地出现沙尘暴,中央气象台沙尘暴蓝色预警生效中。根据气象监测,19-20日到来的冷空气可能还会带来一次沙尘天气。

  较强冷空气来袭 17省沙尘天气继续
  近日,北方多地出现沙尘天气,局地出现罕见的沙尘暴。中国气象局环境气象中心主任张碧辉在中国气象局15日的发布会上介绍,这是近10年以来最强的一次沙尘暴天气过程,已经达到强沙尘暴的级别。

  中国天气网消息显示,15日,沙尘天气的影响范围西起新疆吐鲁番,东至黑龙江大庆、吉林长春,沙尘带长达近3000公里。甘肃的嘉峪关12时PM10浓度达到9985微克/立方米,北京城区PM10浓度一度超过8000微克/立方米。
  而这样的天气还将持续。据中央气象台消息,受冷空气影响,15日20时至17日08时,新疆中部、东北地区、华北、黄淮江淮、江南北部等地气温下降4~8℃,部分地区达10~12℃。

  内蒙古、东北地区、西北地区北部、华北东部、黄淮东部、江淮东部等地有4~7级风,上述部分地区阵风8~10级。中央气象台15日20时继续发布大风降温预报。

  受冷空气大风影响,预计3月15日20时至16日20时,新疆南疆盆地和东部、内蒙古西部、黑龙江西南部、吉林西部、辽宁中西部、青海西北部、甘肃、宁夏、陕西中北部、山西、河北、北京、天津、山东、河南、安徽中北部、江苏中北部等地的部分地区有扬沙或浮尘天气。
  其中,甘肃河西、宁夏北部、新疆南疆盆地南部等地的部分地区有沙尘暴。中央气象台15日20时发布沙尘暴蓝色预警。

据北京市生态环境监测中心消息,16日白天,沙尘滞留,持续对北京市有不利影响。预计首要污染物为PM10,空气质量指数190-210,中-重度污染。预计17日:3-4级;18日:2-3级;19日:3级。不过,即使是这样,情况也比15日有所好转。

在陕西榆林,榆林市气象台3月15日18时02分发布沙尘暴黄色预警信号:预计神木市、府谷县、靖边县、绥德县等多地未来12小时内仍将出现沙尘暴天气(能见度小于1000米)。榆林市教育局决定全市中小学、幼儿园从3月15日下午至16日全天临时放假。

  整体来看,沙尘天气正处在向南推进的状态,中国天气网消息称,16日江苏、安徽等地或也有浮尘出现,不过强度相较于15日显著减弱。
沙尘强度有所减弱 19日或沙尘再现
  气象监测显示,16日,沙尘天气可能会有一些回流。张碧辉表示,这主要是由于15日在系统性的偏北风作用下,沙尘粒子会向下游传输,包括河北、河南、山东等地,都会受到沙尘天气的影响。

  像是北京,虽然15日20时,北京城六区20时PM10浓度已降至864微克/立方米,但在沙尘回流影响下,16日部分时段仍会达到重度污染水平。3月17日-18日,受东北向冷空气以及下游降水过程影响,区域沙尘过程逐渐沉降清除。

  “沙尘天气不会出现长时间在京津冀地区来回打转的情况。”张碧辉说。
  不过,他也表示,预计19日至20日还有一次冷空气活动,中东部大部地区先后有4~8℃降温,部分地区有4~6级偏北风。内蒙古中西部、河西走廊、宁夏等地的部分地区有扬沙或浮尘天气,但强度肯定比这次要弱。

释疑:沙尘天气是春季常见现象
  据中国气象局消息,数据显示,我国沙尘天气主要出现在春季和冬季,其次为秋季,夏季最少。春季(3-5月)发生的沙尘天气次数,占到全年的77.5%。其中,沙尘天气最频繁发生的月份是4月,其次为3月和5月。

  此次天气过程,有人发出疑问,为何三北防护林没有“拦住”沙尘?张碧辉表示,防护林的作用主要体现在对沙源地本地的防风固沙作用,此次沙尘天气过程受上游传输作用明显,防护林对这种沙尘传输的作用有限。

  一方面,防护林主要是对近地面的扬沙、浮尘有抑制作用,但对整个风场的影响和作用却非常有限,特别是在这种非常强的天气过程下,防护林对沙尘的影响就比较低,范围影响也很小。另一方面,此次沙尘天气出现的气象条件,从热力条件和动力条件来看,都十分有利于沙尘天气的发展。
【纠错】 【责任编辑:王萌萌 】

图说1: 3月15日,北京天坛公园笼罩在沙尘中。 记者 富田 摄
图说2:3月15日阿拉善右旗遭遇强沙尘暴天气,最低能见度不足10米。 石斌 摄
图说3:3月15日,甘肃多地遭遇沙尘天气,一名交警戴口罩执勤。 胡广信 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.