Connect with us

Environment, Disasters & Accidents

ထိုင်ဝမ်တွင် အင်အား ၄.၉ပမာဏရှိသည့် ငလျင်တစ်ခုလှုပ်ခတ်သွား

ထိုင်ဝမ်ဒေသတွင် ဖေဖော်ဝါရီ ၆ရက် ကလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အဆောက်အအုံတစ်လုံးပြိုကျပျက်စီးသွားစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ထိုင်ဝမ်ဒေသ Hualien စီရင်စု အနီးရှိ ရေပြင်၌ ပေကျင်းစံတော်ချိန် ဖေဖော်ဝါရီ ၈ရက် နံနက် ၈း၅၄နာရီ တွင် အင်အား ၄.၉ပမာဏရှိသည့် ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း တရုတ်နိုင်ငံငလျင်ကွန်ရက်စင်တာ (CENC) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ငလျင်သည် မြောက်လတ္တီကျု ၂၃.၉၄ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၂၁.၆၂ဒီဂရီ ရှိ မြေပြင်အနက် ၈ကီလိုမီတာ ကိုဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ကြောင်း စင်တာ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)