Environment, Disasters & Accidents
တရုတ်နိုင်ငံတွင် အကြီးအကျယ် မြေပြိုမှုအတွက် အရေးပေါ်ကယ်ဆယ်ရေး ချက်ချင်းလုပ်ဆောင်ရန် တရုတ် ခေါင်းဆောင်များ ညွှန်ကြား
ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံးပြည်နယ် ရှန်းကျန့်မြို့ရှိ စက်မှုဇုန်တွင် ဒီဇင်ဘာလ ၂၀ ရက်ညပိုင်းက အကြီး အကျယ် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး နောက် အရေးပေါ်ကယ်ဆယ်ရေး ကြိုးစား လုပ်ကိုင်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် လီခဲ့ချန် တို့က ညွှန်ကြားထားကြောင်း သိရသည်။
တနင်္လာနေ့ အစောပိုင်းအထိ ဒေသဆိုင်ရာ အာဏာပိုင်များ၏ စာရင်းအရ အမျိုးသား ၅၉ ဦး နှင့် အမျိုးသမီး ၃၂ ဦး အပါအဝင် လူပေါင်း ၉၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ရှန်းကျန့်မြို့ စက်မှုဇုန်ရှိ အဆောက်အအုံ ၃၃ လုံး မြေမြုပ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံးပြည်နယ် ရှန်းကျန့်မြို့ရှိ စက်မှုဇုန်တွင် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဆင်ဟွာ)
သမ္မတ ရှီက ကွမ်တုံးနှင့် ရှန်းကျန့် အာဏာပိုင်များအား တက်နိုင်သမျှ မတော်ဆမှု အနည်းဆုံးဖြစ်အောင် လုပ် ဆောင်ရန်၊ ဒဏ်ရာရသူများအား ကုသပေးရန်နှင့် မြေပြိုမှု၌ နစ်နာခဲ့ရသူများ၏ မိသားစုဝင်များအား နှစ်သိမ့် ပေးရန် ညွှန်ကြားခဲ့သည်။ ထို့ပြင် ခေတ်မီ ကယ်ဆယ်ရေးများဖြင့် အခြားပျက်စီးမှုများမှ လိုအပ်သည့် ကာကွယ် မှုများ လုပ်ဆောင်ရန် ၎င်းက ပြောကြားခဲ့သည်။
မြေနှင့် အရင်းအမြစ်၊ အခြား ဗဟို အာဏာပိုင်များကို ဒေသဆိုင်ရာ အစိုးရအား ကယ်ဆယ်ရေး လုပ်ငန်းများ၌ ကူညီရန် ဝန်ထမ်းများ စေလွှတ်ပေးဖို့ တိုက်တွန်းခဲ့သည်။ အဆိုပါ သဘာဝဘေး ဖြစ်ပွားရခြင်း အကြောင်းအရင်းကိုလည်း စုံစမ်းစစ်ဆေးရန် သမ္မတ ရှီက ညွှန်ကြားခဲ့သည်။
တရုတ်နိုင်ငံ အစိုးရအဖွဲ့ ကလည်း ကယ်ဆယ်ရေး လုပ်ငန်းများ ထိရောက်စွာ ပူးပေါင်း ကူညီရန် အဖွဲ့တစ်ဖွဲ့ အား ရှန်းကျန့်သို့ စေလွှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)