Politics, Law & Military
ကာဇက်စတန် ချစ်ကြည်ရေးခရီးနှင့် SCO ထိပ်းသီး အစည်းအဝေး တက်ရောက်ရန် တရုတ် သမ္မတ ရှီ ထွက်ခွာ
ပေကျင်း၊ ဇွန် ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဇက်စတန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ရန်နှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (SCO) ထိပ်သီး အစည်းအဝေး တက်ရောက်ရန်အတွက် ဇွန်လ ၇ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့မှ ထွက်ခွာခဲ့ကြောင်း သိရသည်။
ကာဇက်စတန်နိုင်ငံ သမ္မတ Nursultan Nazarbayev ၏ ဖိတ်ကြားချက်ဖြင့် တရုတ် သမ္မတ ရှီက သွားရောက်ခြင်း ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း ရှီသည် SCO ကောင်စီ ၁၇ ကြိမ်မြောက် နိုင်ငံ ခေါင်းဆောင်များ အစည်းအဝေးနှင့် မြို့တော် အက်စ်တာနာတွင် ပြုလုပ်မည့် ကမ္ဘာ့ ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်မည် ဖြစ်သည်။
သမ္မတ ရှီနှင့်အတူ တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီ နိုင်ငံရေး ဗျူရို အဖွဲ့ဝင်နှင့် CPC မူဝါဒရေးရာ သုတေသနရုံး ညွှန်ကြားရေးမှူး ဝမ်ဟွန်နင်း၊ CPC ဗဟို ကော်မတီ နိုင်ငံရေး ဗျူရို အဖွဲ့ဝင်၊ CPC အထွေထွေ အတွင်းရေးမှူးဋ္ဌာန အဖွဲ့ဝင်နှင့် CPC ဗဟို ကော်မတီ အထွေထွေရုံး ညွှန်ကြားရေးမှူး လီကျန်ရှု နှင့် တရုတ်နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီတို့ လိုက်ပါသွားကြောင်း သိရသည်။ (Xinhua)