Connect with us

Politics, Law & Military

စည်းလုံးညီညွတ်စွာ အပြန်အလှန်ဖေးမကူညီခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ အားလုံးအတူ တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူ ဖြစ်စေကြောင်း ဝမ်ရိ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ဗွီဒီယို အစည်းအဝေးတွင် အမှာစကားပြောကြားနေသည်ကို စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံနှင့် ကမ္ဘာ့ ကုလသမဂ္ဂအကြား ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဗွီဒီယို အစည်းအဝေးတစ်ခုကို စက်တင်ဘာ ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းဝေးတွင် တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အစည်းအဝေး သဘာပတိအဖြစ် အမှာစကား ပြောကြားခဲ့သည်။ဝမ်ရိက ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု(South–South cooperation)သည် ဖွံ့ဖြိုးဆဲနိုင်ငံများ အတူလက်တွဲပူးပေါင်း၍ မိမိကိုယ်ကို ခိုင်မာတိုးတက်အောင် ဆောင်ရွက်ခြင်း၏ ကြီးမားသည့် ဆောင်ရွက်မှု ဖြစ်သလို ခေတ်အဆက်ဆက် အဖိုးအနက်ထိုက်တန်သည့် လက်ဆင့်ကမ်းမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခြေအနေသစ်တွင် မိမိတို့အနေဖြင့် စည်းလုံးညီညွတ်စွာ အပြန်အလှန်ဖေးမကူညီမှု စိတ်ဓါတ်ကို ဆက်လက်ကိုင်စွဲကာ G-77 ၊ BRIC စသည့် ပလပ်ဖောင်းများမှတစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အစုလိုက် တိုးတက်လာစေရေး အားသစ်လောင်းပေးရန် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု(South–South cooperation)ကို တွန်းအားပေးဆောင်ရွက်ကြမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ 

အခြေခံအဆောက်အဦ၊ စွမ်းအင်၊ လယ်ယာစသည့် သမာရိုးကျ ကဏ္ဍများ၏ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုများကို အခြေခံ၍ ဒီဂျစ်တယ် စီးပွားရေး၊ 5G စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှု အလားအလာကို ဖော်ထုတ်ရမည် ဖြစ်ကြောင်း၊ ဒေတာအချက်အလက် လုံခြုံရေးအန္တရာယ်ဖြေရှင်းမှု နည်းလမ်းများကို အတူဆွေးနွေးညှိနှိုင်းခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ်စီမံခန့်ခွဲရေး နည်းလမ်းများကို အတူ ရှာဖွေရမည်ဖြစ်ကြောင်း ဆိုသည်။ 

နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို ထောက်ခံအားပေး၍ ကုလသမဂ္ဂ ဗဟိုပြုသည့် နိုင်ငံတကာ စနစ်နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)အခြေပြုသည့် ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ်ကို ကာကွယ်ထိန်းသိမ်းကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မှန်ကန်မျှတသည့် အကျိုးအမြတ်အခွင့်အလမ်းနှင့် ဖွံ့ဖြိုးရေးအလားအလာများကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးရာတွင် အတူညှိနှိုင်း၊ အတူတည်ဆောက်၊ အတူ မျှဝေသည့် စီမံခန့်ခွဲမှုအမြင် သဘောထားကို ရှေ့ဆောင်ထားရကာ နိုင်ငံတကာအရေးကိစ္စများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားပြုနိုင်မှုနှင့် ပြောရေးဆိုခွင့်ကို တစ်ဆင့်မြှင့်တင်ရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.