Connect with us

Politics, Law & Military

တရုတ်နိုင်ငံရှိ မူးယစ်ဆေးဝါးဂိုဏ်း တစ်ခုအား ဖမ်းဆီးရာ ၂၉ ဦး ဖမ်းမိ

တရုတ်နိုင်ငံ တောင်ပိုင်းတွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို တွေ့ရစဉ် (ဆင်ဟွာ)

ဟိုင်ခို၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ပြည်နယ်သုံးခုတွင် ကြီးစိုးနေသည့် မူးယစ်ဆေးဝါး နှင့်ဆက်စပ် လျက်ရှိသော ဂိုဏ်းတစ်ခုတွင် ပါဝင်သူ ၂၉ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဟိုင်နန်ပြည်နယ်နှင့် ကွမ်တုံးပြည်နယ် မှ ရဲတပ်ဖွဲ့ အင်အား ၁၀၀ ကျော်သည် ခြောက်လကြာ ပူးပေါင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ဇန်နဝါရီလ နှောင်းပိုင်းတွင် ဖမ်းဆီးမှုအား ပြုလုပ်ခဲ့ကြောင်း ဟိုင်နန်ပြည်နယ် ပြည်သူ့လုံခြုံရေး ဌာန မှ ရဲအရာရှိ တစ်ယောက်က ပြောကြားခဲ့သည်။

အဆိုပါ ဖမ်းဆီးမှု အတွင်း ဘိန်းဖြူနှင့် စိတ်ကြွ ရူးသွပ်ဆေးပြားများ အပါအဝင် မူးယစ်ဆေးဝါး ၁၁ ကီလိုဂရမ် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဂိုဏ်းအား မျိုးရိုးအမည် လောင် ဆိုသူက ဦးဆောင်ခြင်း ဖြစ်ပြီး ကွမ်တုံပြည်နယ်နှင့် ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှ မူးယစ်ဆေးဝါးများကို တရားမဝင် ဝယ်ယူကာ ဟိုင်ခို၊ စန်ယမြို့နှင့် ဟိုင်နန်ပြည်နယ်ရှိ ချင်းမိုင် ဒေသတို့တွင် ပြန်လည် ဖြန့်ဖြူး ရောင်းချခြင်းဖြစ်ကြောင်း ရဲအရာရှိက ဆိုသည်။စုံစမ်းစစ်ဆေးမှု များကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.