Connect with us

Politics, Law & Military

တရုတ်ဆေးဆရာမတစ်ဦး နှင့် ၎င်း ၏ သမီးအား တရားမဝင် ကာကွယ်ဆေးများ ရောင်းချမှုဖြင့် ဖမ်းဆီး

တရုတ်နိုင်ငံ တွင် ကလေးငယ်တစ်ဦးအား ကာကွယ်ဆေးထိုးနှံပေးနေစဉ် (ဆင်ဟွာ)

ကျိနန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှိ ရဲတပ်ဖွဲ့သည် အငြိမ်းစား ဆေးဆရာမတစ်ဦး နှင့် ၎င်း၏ သမီးတို့ကို တရုတ်ယွမ် သန်းရာပေါင်းများစွာ တန်ဖိုးရှိသည့် ကာကွယ်ဆေးများအား တရားမဝင် ရောင်းချမှုဖြင့် ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သိရသည်။

မျိုးရိုးအမည် ဖောင်းဟုခေါ်သည့် ဆေးဆရာမသည် ရှန်တုန်း ပြည်နယ်၊ Heze မြို့ ရှိ ဆေးရုံတစ်ရုံ ၏ ဆေးဆိုင် အကြီးအကဲအဖြစ် ထမ်းဆောင်ခဲ့ပြီးနောက် အနားယူပြီးချိန်တွင် ဖောင်းသည် ကာကွယ်ဆေးများကို တရားမဝင်ရောင်းချခဲ့ကြောင်း သိရသည်။ ၎င်းသည် ၂၀၀၉ခုနှစ်၌ တရားမဝင် ကာကွယ်ဆေးရောင်းချမှုဖြင့် ဆိုင်းငံ့ထောင်ဒဏ်ပေးထား ခြင်းခံရကြောင်း သိရသည်။

၂၀၁၁ခုနှစ် မှစ၍ ဖောင်းသည် ဆေးပညာဘွဲ့ရတစ်ဦးဖြစ်သူ ၎င်း၏သမီးနှင့် ပူးပေါင်းကာ ဆေးထုတ်လုပ်သူ ၁၀၀ကျော်၏ အရောင်းကိုယ်စားလှယ်များထံမှ ကာကွယ်ဆေးများကို ဝယ်ယူခဲ့ပြီး ၎င်းတို့အား တရုတ်နိုင်ငံ တစ်လျှောက် ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေး စင်တာများရှိ ဝန်ထမ်းများ အပါအဝင် ဝယ်လက် ၃၀၀ ကျော်ထံ တရားမဝင် ပြန်လည်ရောင်းချခဲ့ကြောင်း သိရသည်။

၎င်းတို့၏ ရောင်းချမှု သည် ကာလတန်ဖိုးအားဖြင့် စုစုပေါင်း တရုတ်ယွမ် သန်း၃၁၀ ( အမေရိကန်ဒေါ်လာ ၄၇.၅သန်း) တန်ဖိုးရှိကြောင်း ရှန်တုန်းပြည်နယ် မြို့တော် ကျိနန် ရှိ ပြည်သူ့လုံခြုံရေးဗျူရို က ဖောင်း၏ ဘဏ်အကောင့် ၂၂ ခု အား စုံစမ်းစစ်ဆေးထားမှုကို ကိုးကား၍ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင် ကာကွယ်ဆေးများအား သတ်မှတ်လိုင်စင် မပါဘဲ ရောင်းချမှု သည် ပြစ်မှုမြောက်ပြီး ၎င်းတို့နှစ်ဦးစလုံး သည် ကာကွယ်ဆေးများအား အချိန်တိုင်း အအေးပေးထားရမည့် သတ်မှတ်ချက်ဥပဒေ ကို ချိုးဖောက်ခဲ့ပြီး ထိုသို့ပြုလုပ်မှုသည် သုံးစွဲသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည။

လိုင်စင်မရှိသည့် ဖောင်းသားအမိ အား ကာကွယ်ဆေးရောင်းချသည့် ထုတ်လုပ်သူများအား ဆေးဝါးစောင့်ကြည့်ရေး အဖွဲ့ မှ ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ပြီး ကာကွယ်ဆေးများ တရားမဝင် ဝယ်ယူခဲ့သည့် ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေး စင်တာများရှိ ဝန်ထမ်းများသည့် ရာဇဝတ်မှု ဆိုင်ရာ စစ်ဆေးမှုများ နှင့် ရင်ဆိုင်သွားရမည် ဖြစ်ကြောင်း သိရသည်။အဆိုပါ အမှုအား အစိုးရရှေ့နေ များထံသို့ လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.