Politics, Law & Military
တရုတ်နိုင်ငံ တောင်ပိုင်းတွင် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် နေရာအား ဝင်ရောက်ဖမ်းဆီး
နန်နင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ ရဲတပ်ဖွဲ့များသည် မူးယစ်ဆေးဝါး ထုတ်လုပ်ရေး နှင့် ဖြန့်ချိရေး ဂိုဏ်းတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး သံသယရှိသူ ခြောက်ဦး နှင့် မူးယစ်ဆေးဝါး ၄၀ ကီလိုဂရမ် ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
၎င်းတို့အနက် မျိုးရိုးအမည် ဟဲ နှင့် ချန် ဟုခေါ်သည့် သံသယရှိသူ၂ ဦး အပါအဝင် သံသယရှိသူ ၅ဦးအား ထိန်းချုပ်ထားသည့် ပစ္စည်းများ သုံးစွဲမှုဖြင့် စွဲချက်တင် ထိန်းသိမ်းထားကြောင်း လင်းရှန်း စီရင်စု ပြည်သူ့လုံခြုံရေး ဗျူရို မှ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပြောကြားခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးနှင့် ဖြန့်ချိရေးလုပ်ငန်း ကို ယင်းဂိုဏ်း၏အဖွဲ့ဝင်တစ်ဦးချင်းစီက ၎င်းတို့နှင့် သက်ဆိုင်သည့် နေရာများတွင် တာဝန်ထမ်းဆောင်ခြင်းဖြင့် ကောင်းစွာဖွဲ့စည်းထားခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု များကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)