Politics, Law & Military
တရုတ်နိုင်ငံ တောင်ပိုင်းတွင် တရားမဝင် ရွှေ့ပြောင်းလာသူ ၄၉ ဦး ဖမ်းမိ
ကွမ်ကျိုး၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
တရားဝင် အထောက်အထားများမရှိဘဲ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည့် နိုင်ငံခြားသား ၄၉ ဦးအား တရုတ်ရဲများက ဖမ်းဆီးမိခဲ့ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၂၁ ရက်က ပြောသည်။
အရှေ့တောင်အာရှဒေသမှ လူအုပ်စုတစ်စုသည် တောင်ဘက် ကမ်းရိုးတန်းဒေသတွင် အလုပ်လုပ်ကိုင်ရန် တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် စီစဉ်နေသည့် သတင်းတစ်ခုကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးဒေသရှိ ကျဲမန်မြို့ ရဲများက ရရှိခဲ့သည်။
ထိုသံသယရှိသူမျာအား ကျဲမန်ပြည်နယ်ရှိ ဟက်ရှန်မြို့တွင် ဖေဖော်ဝါရီလ ၁၇ ရက်၌ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးထားသူ အများစုမှာ တရုတ်နိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေတွင် လစာကောင်းသည့် အလုပ်လုပ်ကိုင် ရန် လာရောက်ရှာဖွေသော ငယ်ရွယ်သူများ ဖြစ်သည်။ မိမိနေရပ် ဒေသများမှာ ရသည့် လုပ်အားခထက် ဆယ် ဆများသော အလုပ်ရရှိရန် ထွက်လာခဲ့သည့် ထိုသူများမှာ Snake heads ဟု လူသိများသော အလုပ်သမား ဂိုဏ်းအား အခကြေးငွေ ယွမ် ၈၀၀ ( အမေရိကန်ဒေါ်လာ ၁၂၃) မှ ယွမ် ၈,၀၀၀ အထိပေးခဲ့ရကြောင်း ဖမ်းဆီးခံ ရသူတစ်ဦးက ရဲအရာရှိကို ပြောခဲ့သည်။
အခြား စုံစမ်းစစ်ဆေးမှုများအား ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)