Politics, Law & Military
တရုတ်နိုင်ငံ သမ္မတ ရှီ SCO ထိပ်သီး အစည်းအဝေးနှင့် World Expo တက်ရန် ကာဇက်စတန်သို့ သွားမည်

ပေကျင်း၊ ဇွန် ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဇက်စတန်နိုင်ငံသို့ ဇွန်လ ၇ ရက်မှ ၁၀ ရက်အထိ ချစ်ကြည်ရေး ခရီးသွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဇွန်လ ၂ ရက်တွင် ကြေညာလိုက်သည်။
ကာဇက်စတန်နိုင်ငံ သမ္မတ Nursultan Nazarbayev ၏ ဖိတ်ကြားချက်ဖြင့် ရှီက သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်းက ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
ရှီသည် ခရီးစဉ်အတွင်း ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (SCO) ခေါင်းဆောင်များ၏ ၁၇ ကြိမ်မြောက် အစည်းအဝေးနှင့် အက်စ်တာနာမြို့တွင် ပြုလုပ်မည့် ကမ္ဘာ့ ကုန်စည်ပြပွဲ (World Expo) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း လုခန်က ဆိုသည်။ (Xinhua)