Connect with us

Politics, Law & Military

တရုတ်နိုင်ငံတွင် သတင်းစာဆရာ၂၂၃,၉၂၅ ဦး ရှိကြောင်း ထုတ်ပြန်

ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ်၌ မီဒီယာစင်တာ၌ ကြိုတင် ပြင်ဆင်နေသော တရုတ်နိုင်ငံမှ သတင်းစာ ဆရာများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သတင်းစာဆရာများ အသင်း (All-China Journalists Association= ACJA) က မေလ ၃၁ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်အရ ၂၀၁၆ ခုနှစ် နှစ်ကုန်အထိ တရုတ်နိုင်ငံတွင် သတင်းစာဆရာကတ် ကိုင်ဆောင်ထားသော သတင်းထောက်ပေါင်း ၂၂၃,၉၂၅ ဦး ရှိကြောင်း သိရသည်။

အဆိုပါ သတင်းစာဆရာများအကြား ၈၄,၁၃၀ ဦးမှာ သတင်းစာအတွက် ရေးသားသော သတင်းထောက်များ ဖြစ်ပြီး ၆,၀၀၇ ဦးမှာ ပုံမှန်ထုတ်ဝေသော စာစောင်များတွင် လုပ်ကိုင်နေသူများ ဖြစ်ကြောင်း ACJA ဝက်ဘ်ဆိုဒ်တွင် ထုတ်ပြန်ထားသော တရုတ် စာနယ်ဇင်း ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံတွင် ဖော်ပြထားသည်။

ယင်း အစီရင်ခံစာအရ သတင်း အေဂျင်စီအတွက် လုပ်ကိုင်နေသည့် သတင်းစာဆရာ ၂,၈၀၁ ဦးနှင့် ရေဒီယို သို့မဟုတ် ရုပ်မြင်သံကြားဋ္ဌာနများ သို့မဟုတ် သတင်းရုပ်ရှင် စတူဒီယိုများတွင် လုပ်ကိုင်နေသူ ၁၂၉,၈၂၉ ဦး ရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတစ်ဝန်း သတင်း ဝက်ဘ်ဆိုဒ်များ၌ လုပ်ကိုင်နေသော သတင်းစာဆရာပေါင်း ၁,၁၅၈ ဦး ရှိကြောင်း အစီရင်ခံစာက ဆိုသည်။

ထို အစီရင်ခံစာအား ACJA ၊ တရုတ်နိုင်ငံ ပုံနှိပ်၊ ထုတ်ဝေရေး၊ ရေဒီယို၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဌာနများ အပါအဝင် တရုတ်နိုင်ငံ ဆိုက်ဘာစပေ့ (Cyberspace) ဌာနများက ပူးတွဲ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.