Connect with us

Politics, Law & Military

တရုတ်- ဂျာမနီ ဆက်ဆံရေး ခိုင်မာကြောင်း တရုတ် ဝန်ကြီးချုပ် လီခဲ့ချန် ယုံကြည်

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် (ယာ) နှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲ (ဝဲ)တို့အား ဇွန်လ ၁၂ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာ မာကဲနှင့် ဇွန်လ ၁၂ ရက် ကတွေ့ဆုံစဉ်တွင် တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်က တရုတ်- ဂျာမနီ အနာဂတ် ဆက်ဆံရေးအား ၎င်းအနေဖြင့် ယုံကြည်စိတ်ချမှုရှိကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှု စွမ်းအားသစ်များ ဖန်တီးရန်လည်း ဖိတ်ခေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသို့ ၉ ကြိမ်မြောက် ခရီးစဉ်အဖြစ် ဇွန် ၁၂ ရက်မှ ၁၄ ရက်အထိ လာရောက်နေသည့် မာကဲအား လီ က ပေကျင်းမြို့ ဆင်ခြေဖုန်းရှိ နွေရာသီ စံအိမ်တော်၌ တွေ့ဆုံခဲ့သည်။
ဤခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရခေါင်းဆောင်နှစ်ဦးသည် လေးကြိမ်မြောက် တရုတ်- ဂျာမနီ အစိုးရချင်း ဆွေး နွေးညှိနှိုင်းပွဲ၌ ပူးတွဲ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးအတွင်း တရုတ်နိုင်ငံ၏ Made In China 2025 စီမံကိန်းနှင့် ဂျာမနီနိုင်ငံ၏ Industrial 4.0 မဟာဗျူဟာတို့အား ပေါင်းစည်းရေးအတွက် တရုတ်နှင့် ဂျာမနီတို့ ပူးပေါင်းဆောင်ရွက်ရေး၊ တတိယ မြောက် ဈေးကွက်၌ နှစ်ဘက် ပူးပေါင်းဆောင်ရွက်ရေး၊ ထုတ်လုပ်ရေး၊ ဆန်းသစ်တီထွင်ရေး၊ စီးပွားရေးစွမ်း ဆောင်ရေးနှင့် အခြားနယ်ပယ်များတွင် ဉာဏ်စွမ်းရှိရှိ ပူးပေါင်းဆောင်ရွက်ကြရန် တရုတ်နိုင်ငံက အဆင်သင့်ရှိ ကြောင်း လီက ပြောကြားခဲ့သည်။
ထို့ပြင် ဂျာမနီ အပါအဝင် အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် တရုတ်နိုင်ငံက ကြိုဆို ကြောင်းနှင့် ပြောကြားခဲ့သည်။
နှစ်နိုင်ငံအကြား အရေးပါသည့် လုပ်ထုံးလုပ်နည်းတစ်ခု အဖြစ် အစိုးရချင်း ဆွေးနွေးညှိနှိုင်းပွဲသည် နယ်ပယ်စုံ၌ ပူးပေါင်းဆောင်ရွက်မှု၏ ကျယ်ပြန့်သော ဖွံ့ဖြိူးမှု မြှင့်တင်ခြင်းလည်း ဖြစ်ကြောင်း မာကဲက ပြောသည်။
၂၀၁၄ ခုနှစ်က ဂျာမနီတွင် ပြုလုပ်ခဲ့သည့် သုံးကြိမ်မြောက် အစိုးရချင်း ဆွေးနွေးညှိနှိုင်းပွဲ၌ ချမှတ်ခဲ့သည့် တ ရုတ်- ဂျာမနီ ပူးပေါင်းဆောင်ရွက်ခြင်း လှုပ်ရှားမှု အစီအစဉ်အား အကောင်အထည်ဖော်ရန် တရုတ်နှင့် ပူးပေါင်း ဆောင်ရွက်ရန် ဂျာမနီက ဆန္ဒရှိကြောင်း မာကဲက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.