Politics, Law & Military
တရုတ် ပြည်သူ တစ်ဦးစီတိုင်းအတွက် ဘုံ ကြွယ်ဝချမ်းသာမှု ရရှိစေမည်ဟု ရှီကျင့်ဖိန် ကတိပြု
ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ရှီကျင့်ဖိန်သည် ပြည်သူ အခြေပြု သဘောတရား ဖွံ့ဖြိုးတိုးတက်မှုအတွက် ကတိပြုခဲ့ပြီးဖြစ်ကြောင်း၊ ပြည်သူများ၏ စိတ်ချမ်းသာမှု တိုးမြှင့်ရေး ရှေးရှုသော လုပ်ငန်းစဉ် တည်ငြိမ်စေရေးနှင့် တစ်ဦးစီတိုင်းအတွက် ဘုံ ကြွယ်ဝချမ်းသာမှုအား ရရှိစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ပိုကောင်းမွန်တဲ့ ဘဝမှာ နေထိုင်ဖို့ ပြည်သူတွေရဲ့ မျှော်မှန်းချက်က ကျွန်တော်တို့ ကြိုးပမ်းအားထုတ်မှုရဲ့ အမြဲတမ်း အဓိက အာရုံစိုက်ထားပါတယ်” ဟု CPC ဗဟို ကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီ အဖွဲ့ဝင် ရှီကျင့်ဖိန်နှင့် အခြားသော အဖွဲ့ဝင်များက သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်တွင် ရှီက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ပြည်သူတွေ့ရဲ့ ဘဝတွေဟာ တစ်နှစ်ပြီး တစ်နှစ် ပိုပြီး တိုးတက်မှုတွေ တွေ့မြင်ရတော့မယ်ဆိုတာ ကျွန်တော် သံသယ မရှိပါဘူး” ဟု ရှီက ပြောသည်။
၂၀၂၀ ခုနှစ်တွင် နယ်ပယ်အားလုံးတွင် ခေတ်မီ ကြွယ်ဝချမ်းသာသော လူမှုအဖွဲ့အစည်း တစ်ရပ် တည်ထောင်ရန် ဆုံးဖြတ်ချက်အား ရှီက ထပ်လောင်း ပြောကြားခဲ့သည်။ (Xinhua)