Connect with us

Politics, Law & Military

တရုတ်နိုင်ငံအား ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ပြီး ပိုမိုပွင့်လင်းမြင်သာမှုရှိစေမည်ဟု သမ္မတရှီ ကတိပြု

၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ ပြည်သူ့ခန်းမကြီးအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် က ပြုပြင်ပြောင်းလဲမှုများ နှင့် ပွင့်လင်းမြင်သာမှုများ ပိုမိုရရှိအောင် ဆောင်ရွက်သွားမည်ဟု အောက်တိုဘာ ၂၅ရက်က သတင်းထောက်များ နှင့် တွေ့ဆုံစဉ် ကတိစကားပြောကြားခဲ့သည်။

ရှီက “အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်ပြီး တရုတ်နိုင်ငံရဲ့ နည်းစနစ်တွေကို ခေတ်မီဆန်းသစ်အောင် နဲ့ အစိုးရရဲ့စွမ်းရည်တိုးတက်လာအောင် အရှိန်အဟုန်ဖြင့်ဆောင်ရွက်သွားပါမယ်။ ဒါ့အပြင် ပြုပြင်ပြောင်းလဲမှုတွေပြီးမြောက်အောင် နက်နက်ရှိုင်းရှိုင်း အားထုတ်ဆောင်ရွက်ပြီး ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံဟာ ပိုမိုပွင့်လင်းမြင်သာမှုရှိလာအောင် ပြုလုပ်သွားဖို့ စဉ်းစားဆုံးဖြတ်ထားပါတယ်” ဟုပြောကြားခဲ့သည်။

၎င်းက လာမည့်၂၀၁၈ခုနှစ်သည် ပြုပြင်ပြောင်းလဲမှု နှင့် ပွင့်လင်းမြင်သာမှု စတင်ဆောင်ရွက်ခဲ့သည့် နှစ် ၄၀ပြည့်အခမ်းအနားတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းစနစ်အား ၁၉၇၈ခုနှစ် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပြုပြင်ပြောင်းလဲမှု နှင့် ပွင့်လင်းမြင်သာမှုသည် တရုတ်နိုင်ငံ၏ အနာဂါတ်ကို ပုံဖော်ထုဆစ်ပေးသည့် အရေးပါသော လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း၊ နှစ် ၄၀ကြာ ပြုပြင်ပြောင်းလဲမှု နှင့် ပွင့်လင်းမြင်သာမှုလုပ်ငန်းစဉ်များ က တရုတ်ပြည်သူများ၏ ဘဝ ပိုမိုသက်တောင့်သက်သာရှိပြီး တင့်တယ်လှပအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ရှီကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.