Connect with us

Politics, Law & Military

တစ်ဖက်သတ်ဝါဒ ၊ အနိုင်ကျင့်မှုက နိုင်ငံတကာအခင်းအကျင်းကို အတိအလင်း စိန်ခေါ်လျက်ရှိ

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဆင်ဟွာသတင်းဌာနက တရုတ်-အမေရိကန် ဆက်ဆံရေးနှင့်ပတ်သက်၍ သီးသန့်တွေ့ဆုံမေးမြန်းနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

လက်ရှိ နိုင်ငံတကာ အခင်းအကျင်းနှင့် စနစ်များကို အမှန်တကယ် စိန်ခေါ်နေသည်မှာ  ၎င်းတို့၏ အကျိုးစီးပွားကို အခြားအရာအားလုံးထက် ရှေ့တန်းတင်လုပ်ဆောင်နေပြီး ယင်းကို ကျင့်ထုံးတစ်ခုအဖြစ် စွဲကိုင်ပြုမူနေသည့် ကမ္ဘာတွင် အင်အားအကြီးဆုံးဖြစ်သော အမေရိကန်နိုင်ငံဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ပြောကြားခဲ့သည်။

“အပြည်ပြည်ဆိုင်ရာတာဝန်တွေနဲ့ နိုင်ငံစုံပါဝင်တဲ့ စည်းမျဉ်းတွေ ရှိသည့်တိုင် တစ်ဖက်သတ်ဝါဒနဲ့ အနိုင်ကျင့်မှုတွေကို လက်ကိုင်ပြုရင်း အစွန်းရောက်သွားခဲ့တယ်” ဟု ဝမ်က ဆင်ဟွာနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။ COVID-19 မြင့်တက်လာချိန်တွင် အမေရိကန်နိုင်ငံသည် အခြေအမြစ်မရှိစွာ တိုက်ခိုက်ခြင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နုတ်ထွက်ခြင်းများ လုပ်ဆောင်ခဲ့သည်။ လက်ရှိ အမေရိကန်နိုင်ငံ အစိုးရသည် အပြည်ပြည်ဆိုင်ရာ သဘောစာချုပ်များမှ နုတ်ထွက်ခဲ့ပြီး နိုင်ငံတကာအခင်းအကျင်း၏ အန္တရာယ်အရှိဆုံး အင်အားအဖြစ် ၎င်းတို့ကိုယ်တိုင် ပြုမူနေကြောင်း ဝမ်က ဖြည့်စွက်ပြောခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဆင်ဟွာသတင်းဌာနက တရုတ်-အမေရိကန် ဆက်ဆံရေးနှင့်ပတ်သက်၍ သီးသန့်တွေ့ဆုံမေးမြန်းနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုင်ငံတကာအခင်းအကျင်း နှင့်  စနစ်ကို အမြဲတစေ အခိုင်အမာကာကွယ်သူဖြစ်သည်။ တရုတ်နိုင်ငံသစ် တည်ထောင်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်ကြာ ကာလကတည်းက တရုတ်နိုင်ငံသည် စစ်ပွဲတစ်ခုကို ဘယ်သောအခါမှ စတင်ခဲ့ခြင်းမရှိခဲ့သလို အခြားသူများ၏ မြေကို တစ်လက်မမျှ သိမ်းပိုက်ခဲ့ခြင်းမရှိကြောင်း ဝမ်က မှတ်ချက်ပြုခဲ့သည်။

“ကျွန်တော်တို့က ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်စေရေး ကတိကဝတ် အခြေခံဥပဒေကို တရိုတသေထိန်းသိမ်းလျက်ရှိပါတယ်။ ကျွန်တော်တို့က အဲဒီလို တည်ကြည်လေးနက်တဲ့ ကတိကဝတ်ကို လုပ်ဆောင်မယ့် ကမ္ဘာပေါ်က ပထမဆုံး နိုင်ငံဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ဆက်လက်စောင့်ထိန်းသွားမှာဖြစ်ပြီး ဗိုလ်ကျခြင်း ဒါမှမဟုတ် နယ်ချဲ့ခြင်းကိုလည်း ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းရေးအတွက် အမြဲတစေ သစ္စာရှိစွာ ထိန်းသိမ်းသွားမှာပါ” ဟု ဝမ်က အလေးထားပြောခဲ့သည်။

ယခုနှစ်သည် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲကို အောင်နိုင်ခြင်းနှင့် ကုလသမဂ္ဂ တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်အခါသမယ နှစ် ဖြစ်သည်။ “အပြည်ပြည်ဆိုင်ရာစနစ်ကို ချိနဲ့အောင် ထင်ရာမြင်ရာလုပ်တာ သို့မဟုတ် ကမ္ဘာကို နောက်တစ်ကြိမ် ကွဲပြားစေတာမျိုးတွေကို ခွင့်ပြုမှာမဟုတ်ပါဘူး” ဟု ဝမ်က ဆိုသည်။

တရုတ်နိုင်ငံသည် ကုလသမဂ္ဂပဋိဉာဉ်တွင် ပထမဆုံးလက်မှတ်ရေးထိုးခဲ့သည့်နိုင်ငံ ဖြစ်သည်။ တရုတ်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ သဘောတူညီစာချုပ်များနှင့် သဘောတူညီချက်များ အားလုံးနီးပါးကို ချိတ်ဆက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ တာဝန်များနှင့် ဝတ္တရားများအတိုင်း ဖြည့်ဆည်းရန် သစ္စာရှိစွာဖြည့်ဆည်းလျက်ရှိသည်။

ကမ္ဘာကြီး၏အနာဂတ်သည် ချိန်ခွင်လျှာပေါ်တွင် ရှိနေချိန်၌ တရုတ်နိုင်ငံသည် နိုင်ငံစုံပါဝင်မှုကို ထိန်းသိမ်းကာကွယ်ရန်နှင့် လိုက်နာရေး၊ ကုလသမဂ္ဂဗဟိုပြုသော အပြည်ပြည်ဆိုင်ရာစနစ်ကို ကာကွယ်ရေးနှင့် နိုင်ငံစုံလွန်ဆွဲမှုနှင့် နိုင်ငံတကာဆက်ဆံရေးတွက် ကောင်းမွန်သော ဒီမိုကရေစီစနစ် မြှင့်တင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.